ဒီမောင် အတွက် က လည်း ပထမဆုံး လေထဲ တက် တဲ့ အခေါက်၊ ကျွန် တော့် အ တွက် က လည်း မလေး ရှား ကျောင်း သားနဲ့ ၊ မလေးရှား လေထု ထဲ ပထမ ဆုံး အခေါက်။ ဂျဟိုး ဘာ ရူး ရဲ့ ရာသီဥ တု နဲ့ လဲသိပ် အကျွမ်း တ ၀င် မဖြစ် သေး၊ မြေပုံ တွေ ချတ် တွေ ဂရပ် တွေ က လဲ ပြည့်ပြည့် စုံစုံ မပါ လာ။ ဒီလို နဲ့ပဲ ဂဂျမ်းဂဂျမ်း နဲ့ တက်ချ သွားပါ လေ ရော။ ကျွန်တော် သွားရ မယ့် လေ့ကျင့် ရေး ဧရိယာ က ပူလိုင်း ဆိုတဲ့ တောင် ရဲ့ တောင်ဖက် ၊ အဲဒီ ပူလိုင်း ဆို တဲ့ တောင် ဟာ ဂျဟိုး လေယဉ် ကွင်း ရှိတဲ့ စနိုင်း ဆိုတဲ့ မြို့နဲ့ အနောက်ဖက် ကမ်းရိုး တန်း ပေါ် က ပွန်တီယန် ကချေး ဆိုတဲ့ မြို့ ၂ မြို့ ကြား ထဲ မှာရှိပါ တယ်။ ဧရိယာ ရဲ့တောင်ဖက် နယ် နမိတ် က တော့ စင်ကာပူ နယ်စပ် ပါ ။ အဲဒီ လို နဲ့ ပဲ လေကျင့် ခန်း နယ် မြေ ကို ၁၅ မိနစ် လောက် အကြာ မှာ ရောက် ခဲ့ ပါ တယ်။
မောင် အက်ထရာ့စ်
ရောက် ပြီး ကျောင်း သား ကို ပြောပြ စရာ လေး တွေ ၊ လုပ်ပြစရာ လေး တွေ ပြောပြ လုပ် ပြ နေ တုံး ၊ အရှေ့ တောင် ဖက်လောက် က နေ Fog လို့ ခေါ် တဲ့ တိမ် မြူ ခိုး တွေ တဖြည်းဖြည်း လှိမ့် ၀င် လာ ပါ တော့ တယ်။
ကျွန် တော် ရာသီဥတု အခြေအနေ ကို သေ ချာ လေ့ လာ ကြည့် လိုက် တော့ Fog က တော် တော် ထူပါ တယ်၊ Thick Fog ဖြစ် နေပါ တယ် ၊ ပင်လယ် ရေမျက် နှာ ပေါ်မှာ ဖြစ် ထွန်း လာပြီး လေကြောင်း သင့် ရာအရပ် ကို မျော ၀င်လာ တာ ဖြစ်ပါ တယ်။ Advection Fog လို့ လဲ ခေါ်ပါ တယ်။ တချိန် တည်း မှာ ပဲ ကျွန် တော့် မြောက် ဖက်မှာ ရှိနေ တဲ့ ပေ ၂၀၀၀ ကျော် မြင့် တဲ့ တောင် ကြီး ကို လဲ တဖြည်းဖြည်း နဲ့ မ မြင် ရ တော့ ပါ ဘူး၊ သူ့ ကို လဲ Up-slope Fog တွေက တဖြည်းဖြည်း ဖုံး သွား ပါ တော့ တယ် ၊ ကျွန် တော့် ကို ထိန်း ခိုင်း ထား တဲ့ အမြင့် ပေ က လဲ ပေ ၂၀၀၀ ထက် ကျော် လို့ မရ ပါဘူး ၊ နောက်ပြီး ကျွန် တော် ပျံ နေတဲ့ ဖလိုက် က VFR လို့ ခေါ်တဲ့ မျက် မြင် ပျံရ တဲ့ ဖလိုက်ပါ ။ IFR လို့ ခေါ်တဲ့ ချိန် ခွက် နဲ့ ပျံ တဲ့ ဖလိုက် မဟုတ်ပါ ဘူး၊ ဒါ ပေမဲ့ စင်ကာပူ နိုင်ငံ ကြီး တခု လုံး နဲ့ မလေးရှား နဲ့ စင်ကာ ပူ ကို ဆက် သွယ် ထား တဲ့ စကင်း လင့်ခ် လို့ ခေါ် တဲ့ တံတား ကြီး တစ်စင်း လုံး ကို ကောင်း ကောင်း မြင်နေ ရပါ သေး တယ်၊ တောင် ကို မမြင် ရ တော့ တဲ့ အတွက် ပို စိတ် ချ ရ အောင် တောင် ဖက် ၊ စင်ကာပူ ဖက် ကို နဲနဲ တိုး ပြီး နေ လိုက် ပါ တယ် ။
နောက်ပြီး မြေပြင် က ရေဒီ ယို ကိုလှမ်း ကျူးမ်း လုပ် ပြီး ပြန် ဖို့ လုပ် လိုက် ပါ တယ် ၊ ဒါ ပေမဲ့ အဲ ဒီ VOR လို့ ခေါ် တဲ့ စက် ကို ကျူးမ်း လုပ် ဖို့ လေ လှိုင်း နှုံး ကို လဲ သေချာ မသိပါ ဘူး၊ အဲ ဒါ က လဲ သူ့ သက် ဆိုင် ရာ ချတ် ကို ကိုင် ပြီး လုပ် ရ တာ ပါ၊ နောက် ပြီး အဲ ဒီ နား မှာ ကို အဲဒီ VOR လို့ ခေါ် တဲ့ ရေ ဒီ ယို စတေ ရှင် တွေ က အ များ ကြီးပါ။ တစ်ခု နဲ့ တစ်ခု လဲ အရမ်း ကပ် ပါ တယ်။ စင်ကာပူ မှာ တင် ၆ ခု လောက် ရှိပြီး ဂျဟိုးဘာရူး မှာ လဲ ၄ ခု လောက် ရှိပါ တယ်။ မှား သွား လို့ မရ ပါ ဘူး။ ကျွန် တော့် မှတ်စု စာ အုပ် မှာပဲ မြန် မြန် ရှာ နေ လိုက် ပါ တယ် ။ လေယာ ဉ် က လဲ ကိုင် ထား ရ ပါ သေး တယ်၊ ကျောင်း သား ကို လဲ ဘာမှ အကူ အညီ တောင်း လို့ မရ သေး ပါဘူး။ သူ အတွက် က လဲ အူကြောင် ကြောင် နဲ့ ၊ ပထမ ဆုံး အခေါက် ကိုး ။ လှိုင်း နှုံး တွေ့ တော့ အဲ ဒါ ကို ကျူးမ် လုပ် လိုက် ပါ တယ်။ တကယ် ဆို အဲဒီ ဖရီကွင်စီ ကို Set ပြီး ပြီ ဆို တာ နဲ့ မှန် ရဲ့ လား ၊ သေချာ ရဲ့ လား ဆိုပြီး တော့ အဲဒီ ရေဒီယို စတေရှင် က လွှင့် ထုက် နေ တဲ့ မောစ် ကုတ် လေး ကို နား ထောင် ရ ပါ တယ် ။ ဂျဟိုးဘာရူး အ တွက် တော့ VJR ဆို တာ လေး ကို မောစ် ကုတ် လေး နဲ့ " ဒစ် ဒစ် ဒါ ဒါ " နဲ့ လွှင့် ပေး နေ ပါ တယ် ။ ကျွန် တော် က လဲ အဲ ဒါ တွေ အလွတ် မရ တော့ ပါ ဘူး။ ကြည့်စရာ ချတ် လဲ မပါ ပါ ဘူး။ အဲဒီ တော့ စစ် မနေ တော့ ပါ ဘူး ၊ မှန် မှာပါ ဆို ပြီး ထား လိုက် ပါ တယ်။
အဲလို ရှုပ် နေ တုံး ဂျဟိုး တာ ၀ါ က ကျွန် တော့် ကို လှမ်း ခေါ် ပါ တယ်။ ကိုယ့် နေ ရာ မှာ ကို နေ နေ ရဲ့ လား လို့ လှမ်း မေး ပါ တယ်။ ကျွန် တော် က လဲ ထိန်း ရ မဲ့ နေ ရာ Assigned Area မှာ နေ နေ ကြောင်း ပြန် ဖြေ လိုက် ပါ တယ်။ နောက်ပြီး သူ က စင်ကာပူ တန်ငါ့ လေ တပ် က လှမ်း ခေါ် နေ ကြောင်း ဆက်သွယ် မှု ယူ လိုက် ပါ အုံး လို့ လှမ်း ပြောပါ တယ်။ ကျွန် တော် လဲ စိတ် ပူ သွား ပါ တယ်။ ကျွန် တော့် နေ ရာ လဲ ပြန် စစ် လိုက် ပါ တယ်၊ ဟုတ်ပါ တယ် ကျွန် တော် မ မှား ပါ ဘူး ။ စကင်းလင့် ခ် ဆို တာ ကြီး ကိုး က ကျွန် တော့် တောင် ဖက် မှာပါ ။ ပြိး တော့ သူ တို့ ပြော တဲ့ စင်ကာ ပူ တန်ငါ့ လေ တပ် က တာ ၀ါ ကို လှမ်း ခေါ် လိုက် ပါ တယ်။ တန် ငါ့ တာ ၀ါ နဲ့ အဆက် အသွယ် ရ တော့ VFR ဖလိုက် ကို ထိန်း လို့ ရ ရဲ့ လား လို့ မေး ပါ တယ်။ ကျွန် တော် က လည်း ရ ကြောင်း နဲ့ နောက် ၅ မိနစ် ကြ ရင် ပြန် တော့ မှာ ဖြစ် ကြောင်း ပြန် ဖြေ လိုက် ပါ တယ်။ သေချာ ပါ တယ် သူ တို့ ရေ ဒါ နဲ့ ကြည့် နေပြီး ကျွန် တော် က လည်း သူ တို့ ဖက် ကို တိုး တိုး လာ လို့ လှမ်း ဆက် သွယ် တာပါ။ ပြီး တော့ လက် ရှိ သူ တို့ ရေဒါ မှာ မြင် နေ ရ တဲ့ Weather အခြေ အ နေ ရယ် ။ ကျွန် တော့် ခေါင်း ပေါ် မှာ ရှိ နေ တဲ့ ( ကျွန် တော့် ထက် မြင့် တဲ့ နေ ရာမှာ ရှိ နေ တဲ့ ) သူ တို့ လေတပ် လေ ယာဉ် တွေ ရဲ့ အချက် အလက် တွေ ပေး ပြီး ဂျဟိုး ကို ပြန် ဆက် သွယ် ခိုင်း လိုက်ပါ တယ်။
ကျွန် တော့် ကျောင်း သား လေး တွေ
ပြီး တော့ ကျွန် တော် လည်း စမ်း တ၀ါးဝါး နဲ့ တိမ် ပြင် ကြီး ရဲ့ အပေါ် ကနေ VOR လေး အား ကိုး ပြီး ပြန် လာ လိုက် ပါ တယ်။ ကွင်း ဆင်း တော့ လဲ ချိန် ခွက် အား ကိုး နဲ့ တိမ် ကို ဖေါက် ပြီး စမ်း တ၀ါးဝါး နဲ့ ဆင်း လာ လိုက် ပါ တယ် ။ ပေ ၂၀၀ လောက် ရောက် မှ ရှေ့ မှာ ဂျဟိုးဘာရူး ကွင်း ကြီး ကို ဘွား က နဲ မြင် လိုက် ရ ပါ တယ်။ အဲ ဒီ ကြ မှ ကျွန် တော် လဲ တပည့် ကျော် ကို ပြုံး ပြ လိုပ် ပါ တယ်။ သူ လဲ ပြန် ပြုံး ပြ ပါ တယ် ။ တောက် လျောက် ကျွန် တော် က လေ ယာဉ်ကို ကိုင် လိုက် ၊ စာ အုပ် တွေ ရှာ လိုက် ၊ ရေဒီ ယို ဖရီ ကွင် ဆီ တွေ ပြောင်း လိုက် ၊ VOR စက် ကို ကိုင် လိုက် ၊ ဂျ ဟိုး ကို ရေ ဒီ ယို ပြော လိုက် ၊ စင် ကာ ပူ ကို ပြော လိုက် ၊ ဂျဟိုး ကို ပြန် ပြော လိုက် လုပ် နေ တာ ကို ဒီ မောင် ငေါင် ငေါင် လေး ကြည့် နေ ရှာ တာ ပါ ။ ဖလိုက် ပြီး သွား မှ မေး ကြည့် လိုက် ပါ တယ်။
" မင်းငါ နဲ့ ဖမ်မေးလ် ဖလိုက် တက် ရ တာ ပျော်ရဲ့ လား ကွ "
" ပျံသန်း ရေး ဆို တာ မိုက် တယ် နော် ၊ ကျွန် တော် ကပ္ပတိန် နဲ့ လိုက် စီး ရ တာ တော် တော် ပျော် ပါ တယ်"
လို့ ဖြေ ရှာပါ တယ် ။
လေယဉ်မှူးရဲ့ ဘလော့ဂ်ကို အားပေးဖို့ စောင့်နေပါတယ်။ လေယဉ်ပေါ်တက်တိုင်း များပြားလွန်းလှတဲ့ ခလုပ်တွေကို အမြဲ သတိထားကြည့်မိပြီး အရမ်းလည်း စိတ်ဝင်စားပါတယ်။
ReplyDeleteအားလုံး အဆင်ပြေပါစေလို့။
လေးစားပါတယ်ရှင်...မြေပြင်ပေါ်မှာမောင်းတဲ့ကားတောင်..ဖြောင့်အောင်မမောင်းတတ်တော့...ဖတ်ရတာအသည်းအေးလိုက်တာ
ReplyDelete