Wednesday, February 16, 2011

ဆိုလို ကတ် ဆိုလို ဘာ့သ် နဲ့ ဆိုလို မုန့် ဟင်း ခါး

လေယာဉ် မှုး တွေ ရဲ့ ဘ၀ မှာ မ မေ့ စ ကောင်း တဲ့ ရက် တ ရက် ရှိပါ တယ်။ အဲဒါ က တော့ လေယာဉ် ကို ပထမ ဦး ဆုံး တစ် ဦး တည်း မောင်း နှင် ခြင်း လို ခေါ် တဲ့  First  Solo  ပျံ သန်း ခဲ့ တဲ့ ရက် ပါ ဘဲ။ ဘယ် လောက် ပဲ ၀ါ ရင့် သဘာ ရင့် ကြီး ပဲ ဖြစ် နေ ဖြစ် နေ မိမိ ရဲ့  ပျံသန်း မှု မှတ် တမ်း စာ အုပ် ( Log Book)   မှာ ပထမ ဆုံး  P1/ Solo   နာရီ စ တင် ရေး သွင်း ခဲ့ တဲ့  Flight  ဖြစ် လို့  သူသူ ကိုယ် ကိုယ် အမြဲ အ မှတ် ရ နေ ရ မယ့် Flight  လေး ပါ။ P1/Solo  ဆို တာ က တော့  Log Book   ထဲ မှာ ပါ တဲ့  ဦးစီး လေယာဉ် မှုး အဖြစ် နဲ့ ပျံ သန်း တဲ့ နာ ရီ ကို ထည့် သွင်း ရ တဲ့ အ ကွက် လေး ပါ။  Dual   လို့ ခေါ် တဲ့ နည်းပြ ဆရာ နဲ့ ပူး တွဲ ပျံသန်း ထား တဲ့ နာရီ  ၁၅  နာ ရီ ၁၆ နာ ရီ ၀င်း ကျင် ရောက် ပြီ ဆို ရင် နည်းပြ ဆရာ က  First Solo  လွှတ် ဖို့ အ တွက် ချောင်း နေ ပါ ပြီ။ ကျောင်း သား ရဲ့ လက်ရည် လက် သွေး က လဲ တက် လာ၊ ရာသီ ဥ တု အခြေ အ နေ နဲ့ လေ တိုက် နှုံး က လဲ အခြေအနေ ပေး လာ ၊ ဆို ရင် တော့  နည်းပြ ဆရာ က ကျောင်း သား ကို   " မင်း Solo  သွား တော့ "   ဆို ပြီး  လွှတ် လိုက် ကြ တတ် ပါ တယ်။    First  Solo  ဆို တာ က အဝေး ကြီး ပျံ ရ တာ မဟုတ်ပါ ဘူး ကွင်း က နေ တက် ပြီး  Circuit Pattern  လို့ ခေါ် တဲ့ လမ်း ကြောင်း အတိုင်း တစ်ပတ် ပတ် ပြီး ပြန် ဆင်း ရ တာ ပါ။ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် ပဲ ကြာ ပါ တယ်။ ဒါ ပေမဲ့ ကျောင်း သား ကော ဆရာ ကော အထူး သတိ ထား ကြ ရ ပါ တယ်။ အထူး သဖြင့် ကျောင်း သား အတွက်  Stress  လို့ ခေါ် တဲ့ ဖိစီး မှု ဒဏ် ကို တော် တော် ခံ ရပါ တယ်။ အရမ်း လဲ စိတ် လှုပ် ရှား နေ တတ် ကြပါ တယ်။ မအောင် မြင် ခဲ့ ရင် တော့ ဘ၀ ရဲ့ ရည် မှန်း ချက် ကြီး ဘုန်း ဘုန်း လဲ သွား တော့ မှာ ပါ။ ဒီ ၁၅ မိနစ် ဆို တဲ့  အ ထစ် လေး ကို  အောင် မြင် စွာ ကျော် လွား နိုင် ခဲ့ ရင် တော့   အဲဒီ မောင် ရဲ့  Pilot   ဘ၀ စ တင် ပြီ လို့ လဲ ဆို နိုင်ပါ တယ်။
                              First Solo  ပြန်ဆင်း လာ သူ အား  Solo Cut  လုပ် နေပုံ
ဆိုလို ကတ် ( Solo Cut )

ဒါ ကြောင့် မို့ လို့ လဲ   First Solo   ကနေ အောင်အောင် မြင်မြင် ပြန် ဆင်း လာ နိုင် တဲ့ ကျောင်း သား ကို ၀ိုင်း ၀န်း ပြီး ဖက် လဲ တကင်း ဂုဏ်ပြု တတ် ကြ ပါ တယ်။ ဂုဏ်ပြု နည်း တွေ ထဲ က တစ် ခု က တော့   Solo Cut   ဆို တာပါ ပဲ။ ကျောင်းသား ပြန် ဆင်း လာ ပြီ ဆို တာ နဲ့ နည်းပြ ဆရာ က ကတ် ကျေး ကိုင် ပြီး စောင့် နေပါ ပြီ။ ကျောင်း သား ရောက် လာ တာ နဲ့   Congratulation!     အော် ပြီး   Solo  ပျံခဲ့ တဲ့ ကျောင်းသား ရဲ့    Shirt Tail   လို့ ခေါ် တဲ့  ရှပ် အင်္ကျီ နောက် ပိုင်း ကိုကတ် ကျေး နဲ့ ညှပ် ထုတ် ပစ် တော့ တာ ပါ ပဲ။ ပြီး မှ  Shirt Tail Cut   လို့ ခေါ် တဲ့ အဲဒီ အင်္ကျီ ဖြတ် စ ပေါ် မှာ ရက်စွဲ ရေး တာ တို့ ၊ ပုံ ဆွဲ တာ တို့ ၊ အမှတ် တ ရ လက် မှတ် ထိုး တာ တို့ လုပ် ကြ ပါ တယ်။ ပြီး တော့ အဲ ဒီ အင်္ကျီ ဖြတ် စ လေး ကို ဘ၀ တ သက် စာ အမှတ် တရ အဖြစ် သိမ်း ဆည်း ကြ ပါ တယ်။ ကျော ကုန်း ပိုင်း မရှိ တော့ တဲ့ အင်္ကျီ ကို လည်း မိမိ နှစ် သက် ရာ ဒီဆိုင်း ပါ တဲ့ ပိတ် စ တို့ ၊ တံဆိပ် တို့ တွေ နဲ့ လှ လှ ပပ ပုံ ဖေါ် ပြီး ပြန် ချုပ် ကြ ပါ တယ်။ အဲဒီ လို ကျော ပြင် ကြီး တစ် ခု လုံး မှာ တံ ဆိပ် တွေ နဲ့ ပုံ ဖေါ် ထား တဲ့ အင်္ကျီ ကို လည်း    First Solo   အမှတ် တရ အ ဖြစ် အမြတ် တ နိုး ထား ပြီး တသက် လုံး ၀တ် သွား တတ် ကြ ပါ တယ်။


                                    Solo Cut  စတိုင် ချုပ် ထား သော Fly Jacket  များ
ဒီ  Solo Cut  ထုံး စံ  ဖြစ် လာ ရ တဲ့ သမိုင်း လေး က တော့ ဒီ လိုပါ - ဟိုး လွန် ခဲ့ တဲ့ နှစ် ပေါင်း များ စွာ ၊ လေ ယာဉ် ပေါ် ကာ စ အ ချိန် ကတည်း က အနောက် နိုင် ငံ တွေ ဖက် က စ ခဲ့ တာပါ။ အဲ ဒီ တုံး က အ မောင်း သင် လေ ယာဉ် တွေ ဟာ   Tandem Seat   လို့ ခေါ် တဲ့ လေယာဉ် မှူး  ၂  ဦး  ရှေ့ နောက်  ထိုင် ရ တဲ့ တောင် ၂ ထပ် လေယာဉ် တွေ ပါ။ (အခု ခေတ် မှာ တော့   Side by Side  လို့ ခေါ် တဲ့  လေယာဉ် မှူး  ၂  ဦး  ဘေး ချင်း ယှဉ် ပြီး  ထိုင် ရ တဲ့ အ မောင်း သင် လေ ယာဉ်  တွေ ပို အသုံး များ လာ ပါ တယ်)။ ကျောင်း သား က ရှေ့ ခုံ မှာ ထိုင် ပြီး ဆရာ က နောက် ခုံ မှာ ထိုင် ပြီး ပျံ သန်း ကြ ပါ တယ်။ အဲ ဒီ တုံး က ရေ ဒီ ယို ဆက် သွယ် ရေး စံနစ် တွေ က လည်း မကောင်း လှ သေး ပါ ဘူး။  Intercom   လို့ ခေါ် တဲ့  ဆရာ နဲ့ တပည့် လေ ထဲ မှာ စကား ပြော တဲ့ ရေ ဒီ ယို စံနစ် က လည်း မ ရှိ သေး ပါ ဘူး။ ကျောင်း သား ကို ဆရာ က တစ် ခုခု ပြော ချင် ပြီ ဆို ရင် နောက် ခုံ က နေ ပြီး တော့ ရှေ့ ခုံ မှာ ထိုင် နေ တဲ့ ကျောင်း သား ရဲ့ အင်္ကျီ စ ကို လှမ်း လှမ်း ဆွဲ ပြီး ပြော ရ ပါ တယ်။ ဥပမာ အား ဖြင့် "  ဘယ် ကွေ့ လိုက် တော့ "       " စက် အား နဲ နဲ လျော့ လိုက်"     " လေယာဉ် ဦး ခေါင်း ကို နဲ နဲ နှိမ့် ပေး ထား"    အစ ရှိ တဲ့ သင်ကြား မှု စကား တွေ ပါ။


ဒီ လို သင် ကြား ရင်း နဲ့ ပဲ  ကျောင်း သား က   Circuit Pattern     တစ် ပတ် ကို သူ့ ဖာ သာ သူမောင်း နိုင် ပြီ ၊ ဆရာ က လဲ ကြိုက် ပြီ ၊ စိတ် လဲ စိတ် ချ ရ ပြီ ဆိုတာနဲ့    First Solo   လွတ် လိုက်တော့ တာ ပါ ပဲ။ ဆရာ က အောက် ဆင်း နေ ခဲ့ ပြီး   " မင်း ဆို လို သွား တော့ " ဆို ပြီး လွတ် လိုက် တာ ပါ။ ဆို လို   Flight   က နေ ပြန် ဆင်း လာ တာ နဲ့    " မင်း လေ ယာဉ် မောင်း တတ် သွား ပြီ ၊ မင်း ရဲ့ အင်္ကျီ စ ကို ဆွဲ ဖို့ မ လို တော့ ဘူး "     ဆို တဲ့ အ ဓိပ္ပါယ် နဲ့    Shirt Tail   ကို ဖြတ် ထုပ် ပစ် လိုက် တာပါ။ အခု ခေတ် မှာ တော့ အင်္ကျီ အ ကောင်း ကြီး တွေ ကို မ သုံး ပဲ တီ ရှပ် လို အင်္ကျီ မျိုး တွေ ကို    Solo Cut   လုပ် တာ များ ပါ တယ်။ နောက် တစ် ခု ခေတ် စား တာ က တော့     Fly Jacket    လို့ ခေါ် တဲ့ အင်္ကျီ မျိုး တွေ မှာ   Solo Cut   လုပ် ထား လို့ တံ ဆိပ် တွေ ဒီ ဆိုင်းလှ လှ လေး တွေ ပြန် ဆင် ထား ရ တဲ့ ဖက် ရှင် မျိုး ကို  လည်း လူ အ တော် များများ နှစ် ချိုက်  ကြ ပါ တယ် ။ အဲ ဒီ လို လုပ် ထား တဲ့   Ready Made  အင်္ကျီ တွေ လဲ ဈေး ကွက် ထဲ မှာ ရောင်း ကြ ပါ တယ်။

ဆိုလို ဘာ့သ် ( Solo Bath )

နောက် ထပ် ခေတ် စား တဲ့ ထုံး စံ တခု က တော့ ဆို လို ဘာ့သ် ပါ ပဲ ။ ဆိုလို ပြန် ဆင်း လာ တဲ့ ကျောင်း သား ကို ရေ ၀ိုင်း ချိုး ပေး ကြ တဲ့ သဘော ပါ။ ဆို လို ပြန် ဆင်း လာ တာ နဲ့ အသင့် စောင့် နေ တဲ့ ဆရာ နဲ့ ကျောင်း သား တွေ က   Congratulation!   လို့ ၀ိုင်း အော် ပြီး ရေ၀ိုင်း လောင်း ကြ တာ ပါ။ တချို့ က တော့ ရေ သန့် သန့် နဲ့ လောင်း ကြ ပါ တယ်။ ဆပ်ပြာ ရည် နဲ့ လောင်း တဲ့ လူ လဲ ရှိပါ တယ်။  နောက် ပြောင် ကျီ စယ် လို တဲ့ ပြော မနာ ဆို မနာ သူ ငယ် ချင်း တွေ က တော့ ရွှံ့ စေး ရည် တွေ နဲ့ လောင်း ကြ ပါ တယ်။ အဲ ဒီ လို ရွှံ့ စေး ရည် တွေ နဲ့ အ လောင်း ခံ လိုက် ရ ရင် တော့ ဒီ မောင် ၀တ် ထား တဲ့ ရှပ် အင်္ကျီ အဖြူ ဟာ ရွှံ့ ရည် တွေ နဲ့ ၀ါ ထိန် ညစ် ပတ် သွား ပါ တော့ တယ်။ ဘယ် လိုဘဲ ပြန် လျှော် ပြန်လျှော် နဂိုလ် လို ဖြူ ဖြူ ဖွေး ဖွေး လေး ပြန် မဖြစ် တော့ ပါ ဘူး။ ၀ါ တာတာ ညစ် ထေးထေး ဖြစ် သွား ပါ တော့ တယ်။ အဲဒီ အင်္ကျီ ကို ပဲ   First Solo   အမှတ် တရ အဖြစ် လျှော် ဖွတ် မီးပူ တိုက် ပြီး သိမ်း ဆည်း ထား လေ့ ရှိ ပါ တယ်။


                               ရွှံ့ရည် များ ဖြင့် ရုတ်ချည်း ၀င် ကာ ဆိုလို ဘာ့သ် လုပ် နေ စဉ်






                                        ရေသန့် ဗူး ဖြင့်  ဆိုလို ဘာ့သ် လုပ် နေစဉ်

                   ဆိုလို ဘာ့သ် လုပ် ထား သော ကျောင်း သား တစ် ဦး နဲ့ နည်းပြ ဆရာ တစ်ဦး



ဆိုလို ဘာ့သ် ရဲ့ သမိုင်း ကြောင်း လေး က လဲ အ နောက် နိုင်ငံ တွေ က လာ တာ ပါ ပဲ၊ အဆိုရှိ ကြ တာ က တော့ ဒီလို ပါ ၊   ကောင်း ကင် ပြင် ဆို တာ သာမာန် လူ သား တွေ ရဲ့ ပိုင် နက် မဟုတ် ပါ ဘူး၊ လေထဲပျံ တဲ့ ငှက် တွေ ၊ လေယာဉ် မှူး တွေ နဲ့  ကောင်း ကင် ကို ပိုင် စိုး ထား တဲ့ နတ်ဆိုး တွေ နတ် ကောင်း တွေ ရဲ့ ပိုင် နက် ပါ။   First Solo   သွား တယ် ဆို တာ  အဲဒီ နေ ရာ ကို လူ သစ် တစ် ယောက် ၀င် လာ တဲ့ သဘော ပါ ၊ Member  အသစ် တယောက် လာ တယ် ပေါ့၊ ဒါ ကို သဘော ထား ကောင်း တဲ့ နတ် ကောင်း နတ် မြတ် တွေ က ပြသနာ မ ပေး ကြ ပါ ဘူး ၊ ကြို ဆို ကြ ပါ တယ်၊ ဒါ ပေ မဲ့ သဘော ထား ဆိုး တဲ့ နတ် ဆိုး တွေ က တော့ ပြသနာ ပေး လာ နိုင်ပါ တယ်။ မ ကောင်း တဲ့ ဓါတ် တခုတခု နဲ့ ပြုစား လိုက် နိုင်ပါ တယ်။ အဲ ဒါ ကို ချေ ပတဲ့ အ နေ နဲ့   First Solo   ပြန် ဆင်း လာ သူ ကို ရေနဲ့ ၀ိုင်း လောင်း ကြ တာပါ။ ပူး ပါ လာ နိုင် တဲ့ မကောင်း တဲ့ ဓါတ် တွေ၊ မကောင်း တဲ့ ၀ိဥာဉ် တွေ ကို ဖယ်ရှား ဆေး ကြော ကြ တဲ့ သ ဘော ပါပဲ။ ချစ် စရာ ကောင်း တဲ့ ဓ လေ့ လေး တစ်ခု ပါ ပဲ။
တရုပ် တို့ ရဲ့  ဆို လို စီး က ရက်
တစ်ခါ တုံး က ကျွန် တော် တရုပ် ပြည် မှာ သွား ပြီး ပျံ သန်း ရေး လုပ် ခဲ့ ဘူး ပါ တယ်။ ၁၉၉၈ ၀န်းကျင် ခန့်ပါ။ သူ တို့ မှာ လဲ သူ တို့ ဓလေ့ ထုံး စံ နဲ့ သူ တို့ ပါ ပဲ။ စီးကရက် ယဉ် ကျေး မှု လို့ ဆို ရ မလို ပါ ပဲ။ တစ် ယောက် နဲ့ တစ် ယောက် ခင် တယ် မင် တယ် ပြ ချင် ရင် တောင် စီးက ရက် ဗူး လေး ဖွင့် ပြီး တစ်လိပ် ဆွဲ ထုပ် ပြီး ပေး တတ် ကြ ပါ တယ်။ ရိုးရိုး ပေး တာ မဟုတ် ပါ ဘူး။ တစ် ယောက် နဲ့ တစ် ယောက် ပစ် ပစ် ပြီး ပေး တာ ပါ။ အကြီး လား အ ငယ် လား ကြည့် မ နေ ပါ ဘူး။ ပစ် ပေး တာ ပါ ပဲ။ သူ တို့ ဆီ မှာ တော့ ဒါ ဟာ မ ရိုင်း ပါဘူး။ ခင် ကြောင်း မင် ကြောင်း ပြ တာ ပါ။ ကျွန် တော် တို့ မျက် စိ နဲ့ တော့ တမျိုး ကြီး ဖြစ် နေပါ တယ်။

လေ့ လာ မိ သလောက် ဆို ရင် သူ တို့ ဆီ က ဆိုလို ထုံး စံ လေး တွေ က ဒီ လို ပါ၊ Solo  ပြန် ဆင်း လာ တဲ့ ကျောင်း သား ဆို ရင် လည်း ပုခုံး တွေ ဘာ တွေ ပုတ် ပြီး " ကျား ယို ကျား ယို "  တို့ ဘာ တို့ ပြော တတ် ကြ ပါ တယ်။ ပြီး မှ   Solo   ပြန် ဆင်း လာ တဲ့ မောင် က သူ အိတ် ထဲ က နေ   စီးက ရက် ဗူး   ၂ ကာ တွန်း  ၃ ကာ တွန်း လောက် ဆွဲ ထုတ် လာ ပြီး တွေ့ သ မျှ အနီး အနား က လူ တွေ ကို တစ်ဗူး စီ တစ်ဗူး စီ  ပစ် ပေး တော့ တာ ပါ ပဲ။ ဆေး လိပ် သောက် တတ် တတ် မ သောက် တတ် တတ် ယူ ထား ကြ ပါ တယ်။ ဆေး လိပ် မ သောက် တဲ့ သူ က လဲ နောက် တော့ မှ သောက် တတ် သူ ကို ပြန် ပေး ပေါ့။ ဆို လို သွား တဲ့ ကျောင်း သား က လဲ မိမိ ဆို လို သွား ရ တော့ မဲ့ ရက် အ တော အ တွင်း မှာ က တည်း က ဆေး လိပ် တွေ ကို ကာတွန်း လိုက်  ၀ယ် ပြီး သူ့ အိတ် ထဲ မှာ ထဲ့ ထား ပြီး သား ပါ။ အဲ .. ဆို လို လဲ ရ ပြီ ၊ အောင် အောင် မြင် မြင် လဲ သွား ပြီး သွား ပြီ ဆို တော့ မှ ဆေး လိပ် အလှူ ကြီး ပေး ပြီး အောင် ပွဲ ခံ တဲ့ သ ဘော ပါ။ ရ တဲ့ လူ တွေ က လဲ .. "ရှဲရှဲ့ ... ရှဲရှဲ့ .."    နဲ့ ပါ ပဲ။


မြန်မာ တို့ ရဲ့ဆိုလို ကွမ်းယာ နဲ့ ဆို လို  မုန့်ဟင်း ခါး

ကျွန် တော် တို့ ငယ် စဉ် က၊ အရာ ရှိ ပေါက် စ ဘ၀ နဲ့ ပျံသန်း ရေး သင် တန်း တက် ခဲ့ တဲ့ မိတ္ထီလာ လေ တပ် မှာ လည်း သူ့ နည်း သူ ဟန် နဲ့   First Solo Tradition  လေး တွေ ရှိ ပါ တယ်။ မြန် မာ တို့ ရဲ့ ကွမ်းယာ တည် တဲ့ ယဉ် ကျေး မှု လို့ ဆို ရ မလို ပါ။ ယခု အ ချိန် အ ထိ လဲ ရှိ နေ ဆဲ ပါ။  အဲ ဒီ က ဆရာ ကြီး တော် တော် များ များ ဟာ ကွမ်း စား ကြ ပါ တယ်။ လေယာဉ် ရုံကြီး တွေ ထဲ မှာ ပြု ပြင် ထိန်းသိမ်း ရေး လုပ် နေ ကြ တဲ့  Maintenance Crew  တို့၊ ပျံသန်း ရေး အ တွက် လုပ် ပေး ကိုင် ပေး နေ ကြ တဲ့  Flight Line Crew   တို့ ၊ ဟာ အမြဲ တမ်း လို လို ကွမ်း တမြုံ့မြုံ့ နဲ့ နေ တတ် ကြ ပါ တယ်။ လောင် စာ ဆီ တွေ ၊ စက် ပစ္စည်း တွေ နဲ့ အလုပ် လုပ် နေ ကြ တာ မို့ ဆေး လိပ် မ သောက် ရ တာ လဲ ပါ မှာ ပါ။  နောက် အ ဖွဲ့ တွေ က တော့ လေကြောင်း ထိန်း  အဖွဲ့ နဲ့  လေယာဉ် သက် ကယ် အကူ အဖွဲ့ ပါ ပဲ။ ဒီဆရာ ကြီး တွေ ဟာ လည်း ကြည့် လိုက် ရင် ကွမ်း ကြီး တွေ တမြုံ့ မြုံ့ နဲ့ ပါ ပဲ။


ကျောင်း သား တစ် ယောက်  First Solo  အောင် သွား ပြီ ဆို ရင် တော့ အား လုံး က  Congratulation!  ၀ိုင်း ပြော ကြ ၊ နုတ် ဆက် ကြ နဲ့ ပါ ပဲ။ ဆို လို အောင် သွား တဲ့ မောင် က တော့ ၊ မနက် အ စော ကြီး က တည်း က ၀ယ် ထား တဲ့ ကွမ်း ယာ ထုပ် တွေ ကို အဖွဲ့ အား လုံး ကို လိုက် လံ ဝေငှ ပြီး အောင် ပွဲ ခံပါ တယ်။ ကွမ်း ယာ သမား တွေ က လဲ အမျိုး အစား က ခပ် များများ ပါ။ အား လုံး အ ဆင် ပြေ အောင် အစော က တည်း  ၂ မျိုး စီ စဉ် လာ ကြ ရ ပါ တယ်။ တစ် ထုပ် မှာ  သူ တို့ အ ခေါ် " ဂျမ်း " ဆို တဲ့   ထုံး  ကွမ်းသီး  ဗမာ ဆေး  ပဲ ပါ တဲ့ ကွမ်း က အ ယာ ၅၀ လောက် ရယ် ၊   ဆေး မွေး အာ မွေး နဲ့ ဟာ က အ ယာ ၅၀ လောက် စီ ကို အမှတ် အ သား လေးနဲ့ ထဲ့ လာ ရ တာ ပါ။ ကွမ်း ယာ ရ တဲ့ ပုဂ္ဂိုလ် ကြီး တွေ က လဲ  အောင် မြင် ပါ စေ ..ဘာညာ နဲ့ Wish ပြန် လုပ် ပေး ကြ ပါ တယ်၊ ချစ် စရာ ကောင်း တဲ့ ဓ လေ့ တစ်ခု ပါ ပဲ။


နောက် ဆုံး သင် တန်း တစ် ခု လုံး  ဆိုလို အောင် သွား ပြီး ဆို တော့ မှ မုန့် ဟင်း ခါး ကို လူ ၂၀၀ စာ လောက် ချက် ပြီး အနီး အနား က ဘုန်း ကြီး ကျောင်း တွေ ကို လဲကပ် လှူ ၊လူ တွေ ကို လဲ အလှူ ကြီး ပေး ပြီး အောင်ပွဲ ခံ ကြ ပါ တယ်။ တကယ့်  ကို  မြတ် နိုး စရာ ကောင်း တဲ့     "ဆိုလို မုန့် ဟင်း ခါး "    ထုံးစံ ဖြစ် ပါ တယ်။
အား လုံး ကို ခြုံ ကြည့် လိုက် တော့   First Solo  ကို ဂုဏ် ပြု တဲ့ ထုံး စံ တွေ က လည်း သူ့ အရပ် နဲ့ သူ့ ဇာတ် ဆို သ လို ပါ ပဲပေါ့ နော်။ ။

Thursday, February 10, 2011

တရီမာ ကာဆေ နဲ့ ခါမီ ကာ ဆေ ၂

အာရပ် ကျောင်း သား တွေ ရဲ့ အဓိက ပြသနာ ဟာ အင်္ဂလိပ် အသံထွက် ကိစ္စပါ။ အမြဲတမ်း သူ တို့ ရဲ့ လျှာ လိပ် သံ လျှာ ခေါက် သံ တွေ နဲ့ ပြောတတ် ကြပါ တယ်။ မပီ ကြ ရှာပါ ဘူး။ ကျွန် တော် တို့ လဲ အင်္ဂလိပ် အသံ ထွက် အကောင်း စား သမား တွေ မဟုတ် ကြပါ ဘူး။ ဒါပေ မဲ့ ဖြည်း ဖြည်း နဲ့ မှန် မှန် ပြော ရင် အလုပ် ဖြစ်ပါ တယ်။ ဒီ မောင် တွေ က တော့ ပီ ကလဲ မပီ ပဲ နဲ့ မြန် မြန် က လဲ ပြောချင် ကြပါ သေး တယ်။ အဲဒီ မှာ ရှုပ် ကုန် တော့ တာပါ။ ကျောင်း မှာ ရေ ဒီ ယို ပြော တာ နဲ့ ပတ် သက် လို့ Ground School  အပိုင်း မှာသတ်သတ် သင် တာ ရှိ သလို၊ လက် တွေ့ သင်ကြား ပြီး စစ် ဆေး တဲ့ အပိုင်း လဲ ရှိပါ တယ်။ အဲဒီ အခါ မျိုး မှာ သူတို့ ကို မ နဲ သင် ပေး ရ ပါ တယ်။ ရေဒီယို လက် တွေ့ စာ မေးပွဲ သွား ဖြေ ရင် လဲ သူ တို့ ပဲ မကြာ ခဏ ကျ တတ် ကြ ပါ တယ်။ ပို ဆိုး စေ တဲ့ အချက် က တော့ အာ ရပ် ကျောင်း သား တော် တော် များများ ဟာ သူ တို့ မှ သိ၊ သူတို့ မှ တတ်၊ သူ တို့ အသံ ထွက် က မှ အ မှန် ဆို ပြီး ထင် နေ ကြ တဲ့ အချက်ပါ ပဲ။ တစ်ခါ တုံး က လဲ အာ ရပ် ကျောင်း သား တစ် ယောက် နဲ့ လေယာဉ် မတက် ခင်  Flight Plan  တောင်း တာ တို့ ၊ စက် နှိုး ခွင့် တောင်း တာ တို့ လုပ် ကြ ပါ တယ်။ ဘယ် လို ပြော ဘယ် လို လုပ် ဆို တာကို သေသေ ချာ ချာ သင် ထား ပြီး သား ပါ။ ဒါ ကို ပဲ သူ့ ရဲ့ လျှာ လိပ် သံ ကြီး နဲ့ အမြန် ပြော ချ သွား ပါ လေ ရော ။ ဒီမှာ တင်  ATC  လို့ ခေါ် တဲ့  ကွန် ထရိုး တာ ၀ါ က ----
" လေ ယာဉ် မှုး ခင် ဗျား စိတ် အေး အေး ထား ပြီး ဖြည်း ဖြည်း မှန် မှန် လေး နဲ့  အစ က နေ ပြန် ပြော ပေး ပါ" လို့ ဆို လာ ပါ တော့ တယ်။ ဒီမှာ တင် ကျွန် တော် လဲ ဒီ မောင့် ဖက် ကို လှည့် ကြည့် ပြီး မဲ့ ပြုံး  ပြုံး ပြ လိုက် ပါ တယ်။  စိတ် ထဲ က နေ လဲ .. မှတ် ပ လား ၊ မင်း က သာ မင်း အသံ ထွက် ကို ဟုတ် လှ ပြီ ထင် နေ တာ ၊ ငါ တင် မ ဟုတ် ဘူး ကွ ၊  ATC  က လည်း မင်း ပြော တာ ကို နား မ လည် ဘူး ကွ .. လို့ ပြော လိုက် ပါ တယ်။

ရေဒီ ယို စက် တွေ နဲ့ ပြော တဲ့ အ ခါ မှာ လိုက် နာ ရ ကျင့် သုံး ရ မယ့် ဥပ ဒေ သ လေး တွေ ရှိ ပါ တယ်။ အဲ ဒီ ထဲ က တစ် ခု က တော့  "  ယဉ် ကျေး မှု ဆိုင် ရာ အသုံး အ နှုံး တွေ မသုံး ရ ဆို တာ ပါ ပဲ။ ဥပ မာ အား ဖြင့်  ဂွတ် မော နင်း  တို့ ဂွတ် ဘိုင်  တို့ လို ဟာ မျိုး တွေ ပါ ပဲ။ ရေ ဒီ ယို ကြေး နန်း သ ဘော အရ မလို လို့ ပါ ပဲ။ ဒါ ပေမဲ့ လည်း ကျွန် တော် အပါ အ၀င် လေယာဉ် မှူး အ တော် များ များ ဟာ   ဂွတ် မော နင်း  တို့  ဂွတ် ဘိုင် တို့ လောက် တော့ ပြောကြ ပါ တယ်။ ထုံး စံ ဖြစ် နေ တဲ့ သဘော ပါ။ ခရီး သည် တင် လေ ယာဉ် ကြီး တွေ မောင်း တဲ့ လေယာဉ် မှူး တွေ ဆို ရင် သက် ဆိုင် ရာ ဘာ သာ စကား နဲ့ နုတ် ဆက် ကြ ပြော ကြ တွေ လုပ် လေ့ ရှိ ပါ တယ်။ ဥပမာ အာ ဖြင့်  ယိုး ဒ ယား လေ ယာဉ် တစ် စီး မြန် မာ ပြည် ထဲ ၀င် လာ ပြီ ဆို တာနဲ့  မင်္ဂလာ ပါ ဆို ပြီး နှုတ် ဆက် လေ့ ရှိ ပါ တယ်။ ယိုး ဒ ယား နိုင်ငံ ထဲ ၀င် သွား တဲ့ အခြား လေ ယာဉ် တွေ ဆို လဲ  ဆ၀ါ ဒီ ခပ်  ဆို ပြီး စ ပြော လေ့ ရှိ ပါ တယ်။ ဒါ ကြောင့် လဲ ကျွန် တော် တို့ မ လေး ရှား ကောင်း ကင် ထဲ မှာ ဆို ရင် .. ဆ လံ မာ ရေး ကွန်း ...   ဆာ လာ မက် ပါ ဂီ ..... တရီ မာ ကာ ဆေး ... အစ ရှိ တဲ့ အသံ တွေ ကို အမြဲ ကြား နေ ရ ပါ တယ်။ အချို့ ကျောင်း သား တွေ က လဲ ဒါ တွေ ကို လိုက် ပြော ကြ ပါ တယ်။ လုပ် ရင်း ကိုင် ရင်း သူ များ နည်း တူ လိုက် ပြော တာ ပြ သ နာ မရှိ ပေ မဲ့ ရေဒီ ယို လိုင် စင် စာ မေး ပွဲ တွေ မှာ အဲ ဒီ လို သွား ဖြေ မိ ရင် တော့ အ မှတ် လျော့ ခံ ရ မှာ ပါ။ လေထဲ မှာ စစ် တဲ့ ပျံသန်း ရေး စာ မေး ပွဲ တွေ (Check Flight)    မှာ လည်း အဲဒီ လို ပြော မိ ရင်  Examiner Pilot  လို့ ခေါ် တဲ့ စစ် ဆေး သူ အ ရာ ရှိ က အမှတ် လျော့ ခွင့် ရှိ ပါ တယ်။ ဒါ ကြောင့် ကျွန် တော် တို့ က လည်း ကျောင်း သား တွေ  R/T   ပြော ရင် သတ် မှတ် ချက် အ တိုင်း ပြော ဖို့ သတိ ပေး နေ ရ ပါ တယ်။ Check Flight  ကြ မှ အ ကျင့် ပါ ပြီး အမှတ် လျော့ ခံ ရ မှာ စိုး လို့ ပါ ။

                                                   မာလ ကာ မြို့ 

ဒီလို နဲ့ တစ် ရက် တော့ ကျွန် တော် နဲ့ မောင် ဟိုင် ဒါ ဂျဟိုး ဘာ ရူး က နေ  မာလကာ  ဆို တဲ့ မြို့ ကို လေ့ ကျင့် ခန်း တစ်ခု လုပ် ရင်း လာ ခဲ့ ကြ ပါ တယ်။ မာ လကာ လေ ယာဉ် ကွင်း ဟာ မြို့ ရဲ့ အရှေ့ မြောက် ဖက် မှာ ရှိ ပါ တယ်။ မြို့ က တော့  အနောက် ဖက် ကမ်း ခြေ မှာ ရှိပါ တယ်။ နာမည် ကြီး ဆိပ် ကမ်း မြို့ ဖြစ်ပါ တယ်။ လွန် ခဲ့ တဲ့ နှစ် ပေါင်း ၃၀၀ ကျော် လောက် က တည်း က ပေါ်တူ ဂီ တွေ အ ခြေ ဆိုက် ခဲ့ တဲ့ မြို့ ဖြစ် ပါ တယ်။ ကမ္ဘာ လှည့် ခရီး သွား တွေ အမြဲ ပြည့် နေ ပြီး အလွန် စီး ပွား ရေး ကောင်း တဲ့ မြို့ ဖြစိပါ တယ်။ Tall Building  လို့ ခေါ် တဲ့ အထပ် မြင့် အ ဆောက် အ ဦ တွေ လဲ အများ ကြီး ရှိ ပါ တယ်။ မြို့ ရဲ့ မြောက် ဖက် မှာတော့ အလွန် ကြီး တဲ့ ရေနံ ချက် စက် ရုံ ကြီး တစ်ခု နဲ့  လောင်စာ ဆီ လှောင် ကန် ကြီး တွေ အများ ကြီး ရှိ ပါ တယ်။  မလေး ရှား   DCA   က ထုပ် ပြန် ထား တဲ့ ပျံ သန်း ရေး လမ်း ကြောင်း ပြ  မြေ ပုံ တွေ အရ  Tall Building   တွေ အနား နဲ့  ရေနံချက် စက် ရုံ နား သွား ခွင့် မရှိ ပါ ဘူး။ အဖျက် သမား တစ် ယောက် ယောက် က များ ခေတ် သစ်  ကာမီ ကာ ဆေး  လုပ် လိုက် ရင် တော့ မတွေး ၀ံ့ စရာ အ နေ အ ထား ပါ။

မောင် ဟိုင် ဒါ က လည်း တ လမ်း လုံး လျှာ ခေါက် သံ ၊ လျှာ လိပ် သံ နဲ့ ပဲ ရေ ဒီ ယို ပြော လာ ပါ တယ်။ ATC  တွေ က မ ရှင်း ရင် မေး လိုက် ဒီ မောင် က ပြန် ဖြေ လိုက် နဲ့ ပါ ပဲ ။ ဒီ လို နဲ့ လေ ယာဉ် ကွင်း ရဲ့ အ ရှေ့ ဖက် ကို ရောက် လာ ပါ တယ်။ ဘယ် ဖက် မှာ  Tall Building   တွေ ရေ နံ လှောင် ကန် တွေ ကို လည်း လှမ်း မြင် နေ ရ ပါ တယ်။ အဲ ဒီ အ ချိန် မှာ ပဲ ဒီ မောင် က လျှာ လိပ် သံ နဲ့ တစ်ခု ခု ပြော ချ လိုက် ပါ တယ်။ ကျွန် တော့ စိတ် ထဲ မှာ   ကာ မီ ကာ ဆေ  လို့ ကြား လိုက် မိ သလို ပါ။ အဲ ဒီ မှာ တင် ကျွန် တော် လဲ  ထိပ်  က နဲ ဖြစ် သွား ပြီး အ လန့် တ ကြား နဲ့  လေယာဉ်  ကွန် ထရိုး တွေ ကို လု ယူ လိုက် ပါ တယ်။ ပြီး တာ နဲ့ ဒီ မောင့် ကို လဲ အော် လိုက် မိ ပါ တယ် ---
"  မင်း ဘာ ပြော လိုက် တာ လဲ .. မင်း ဘာ ပြော လိုက် တာ လဲ .."
"  ကျွန် တော်  မာလကာ   ATC  ကို  တရီ မာ ကာ ဆေး   လို့ ပြော လိုက် တာပါ .."
"   အော် ... တော် သေး တာ ပေါ့ ကွာ .. ငါ ဖြင့် လန့် သွား တာ ပဲ .. "
"   ဘာ လို့ လန့် သွား တာ လဲ က ပ္ပတိန်  .." 
"  ဘာ မှ မ ဟုတ် တော့ ဘာ ဘူး ကွာ ... ဆက် ပျံ .. ဆက် ပျံ ...."
လို့ ပြော ပြီး   ကွန် ထရိုး ကို သူ့ ပြန် ပေး လိုက် ပါ တယ် ။  စိတ် ထဲ မှာ တော့  .. မှား ပါ တယ် ကို သောင်း ရယ် လို့ ပဲ ရေ ရွတ် လိုက် မိ ပါ တော့ တယ် ။

Wednesday, February 9, 2011

တရီမာ ကာ ဆေ နဲ့ ခါမီ ကာ ဆေ

            ဂျဟိုး ဘာရူး ကွင်း ကို ၁၆၀ ဒီကရီ လမ်း ကြောင်း မှ ဆင်းသက် ရန် ချဉ်းကပ် နေ စဉ်


 ရေးမှာ က တော့ ကျွန် တော့  ပျံ သန်း ရေး အတွေ့ အကြုံ ပါ ပဲ။ ဒါ ပေမဲ့ ခေါင်း စဉ် အရ တရီမာ ကာဆေ နဲ့ ကာမီ ကာ ဆေ ကို အနည်း ငယ် ရှင်း ပြပါ ရ စေ။

တရီမာ ကာ ဆေ ..(Tremakase)   ဆိုတာ က တော့ မလေးရှား ဘာသာ စကား နဲ့ ကျေးဇူး တင် ပါ တယ် လို့ ပြော တာပါ။ သူ တို့ အချင်း ပြော ရင် တော့  ကာဆေ ဟန် .. ဆို ပြီး ပြော လေ့ ရှိပါ တယ်။ ဟန် ဆိုတာ က တော့ နော်  လို့ ပဲ အဓိပ္ပါယ် ရပါ တယ်.။ ကျေးဇူး ပါ နော် .. လို့ အဓိပ္ပါယ် ရ မယ် ထင်ပါ တယ်။

ခါမီ ကာ ဇေ ..(Kamikaze)  ဆို တာ က တော့ ဂျပန် စကား ပါ။ မူ ရင်း အဓိပ္ပါယ် ကတော့ လေနတ် သား လို့ အဓိပ္ပါယ် ရ ပါ တယ်။ ဒါ ပေမဲ့ ဒုတိယ ကမ္ဘာ စစ် အတွင်း တုံး က ဂျပန် တွေ ရဲ့  အသေခံ တိုက် တဲ့ လေ တပ် ဖွဲ့ ကို ကာမီ ကာ ဆေ တပ် ဖွဲ့ လို့ အမည် ပေး ခဲ့ ပါတယ်။  လေ ယာဉ် မှာ ဗုံး တွေ အပြည့် တပ် ဆင် ပြီး ရန်သူ့ လေ ယာဉ် တင် သင်္ဘော တွေ၊  တိုက် သင်္ဘော တွေ ကို တည့် တည့် ၀င် တိုက် ပြီး ဖျက်ဆီး နှစ်မြှပ်ကြ  တဲ့ စစ်ဆင် ရေး နည်း ဗျူ ဟာ တစ် မျိုး ပါ။ တနည်းအား ဖြင့် အသေခံ လူ သား ဗုံး ပါဘဲ။ ကျွန် တော် တို့ ကိုယ် ပိုင် အမြင် အ ရ ကော ဘာသာ တရား ရဲ့ အဆုံး အမ အရ ကော ဘယ် လို မှ စဉ်း စား လို့ မရ တဲ့ နည်းဗျူ ဟာ ပါ ဘဲ။ ဂျပန် တွေ ရဲ့ ( အဲဒီ တုံး က) အမြင် အရ တော့ သူတို့ ဟာ နေ နတ် သား က ဆင်း သက် လာ တဲ့ မြင့် မြတ် တဲ့ လူ မျိုး ဖြစ် တယ်၊ ကာမီ ကာ ဇေ နည်း နဲ့ အသေခံ တိုက် ပြီး ရင် ဂျပန် နေမျိုး နွယ် အဖြစ်ပဲ လူ ပြန် ဖြစ် မယ် ဆိုပြီး ယုံ ကြည် ကြ ပါ တယ်။ ၁၉၀၅ ခုနှစ် က ရုရှ ဂျပန် ရေ ကြေင်း စစ် ပွဲ ဖြစ် တုံး က လဲ ရေ ကြောင်း နည်းပညာ ကော လက် နက် ကော သာ နေ တဲ့ ရုရှ ကို ဂျပန် ဟာ မနဲ တိုက် နေ ရ ပါ တယ် ၊ ရှူံး မလိုလို လဲ ဖြစ် နေပါ တယ်။  ဒါပေ မဲ့ အဲဒီ အချိန် မှာပဲ လေ ကို အစိုး ရ တဲ့ နတ် မင်း ဟာ သူမိတ် ဆွေ နေ နတ် မင်း ကြီး ရဲ့ သား တွေ ကို ပြန် နိုင် အောင် လို့ မုန် တိုင်း ငယ် အဖြစ် နဲ့ ရု ရှ စစ် သ င်္ဘော တွေ ကို မြှပ် ပြစ် ဖူး တယ် လို့ အယူ လဲ ရှိ ပါတယ်။ ဒါ ကြောင့် လဲ ဒုတိယ ကမ္ဘာ စစ် အတွင်း တုံး က အမေရိ ကန် ရေ တပ် ကို ဘယ် လို မှ ယှဉ် လို့ မ ရ ဘဲ ရှူံး မလို လို ဖြစ် နေတဲ့ အချိန် မှာ ဒီ ဗျူ ဟာ ကို ချ သုံး ခဲ့ တာ ဖြစ်ပါ တယ်။ ကာမီ ကာ ဆေ တိုက် လေ ယာဉ် တွေ ကို မောင်း တဲ့ လေသူ ရဲ တွေ ကို တော့  ကာမီကာ ဆေ ပိုင်း လော့  လို့ ခေါ်ပါ တယ်။ ( ဒါပေမဲ့ လဲ ဒုတိယ ကမ္ဘာ စစ် မှာ ဂျပန် စစ် ရှူံး ခဲ့ ပါ တယ်)။

   ဒုတိယ ကမ္ဘာ စစ် အတွင်း ဂျပန် ကာမီကာဆေ ပိုင်း လော့ များ ( ၀ီကီ ပီးဒီးယား မှဓါတ် ပုံ)

ဒီ နည်း တွေ ဟာ ဟောင်း နွမ်း သွား ပြီ၊ ခေတ် မ မှီ တော့ ဘူး၊ ယနေ့ ခေတ် နဲ့ တော့ ဘယ်လို မှ မ အပ်စပ် တော့ ဘူး လို့ လူ တွေ အထင် ရှိ နေ တဲ့ အချိန် မှာပဲ ၊ ဗျူံး ဆို ပြန် ပေါ် လာ ခဲ့ ပြန် ပါ တယ်။ ၂၀၀၁ စက်တင် ဘာ လ မှာ ဖြစ် ခဲ့ တဲ့  ဝေါထရိတ် စင် တာ တိုက် ခိုက် မှု ပါ ပဲ။ အာရပ် ကမ္ဘာ က အစွန်း ရောက် သမား တွေ က အ မေရိကား အပါ အ၀င် အနောက် အုပ်စု ၀င် နိုင်ငံ တွေ နဲ့ နိုင်ငံ သား တွေ ကို အသေ ခံ နည်း တွေ သုံး ပြီး တိုက် ခိုက် လာကြ တာပါ ဘဲ။ ခေတ် သစ် ခါမီ ကာ ဆေ ပါ ပဲ။ ဒီလို လုပ် တာ မြင့် မြတ် တယ် ဆို တဲ့ အယူ ၀ါ ဒ တစ်ခု ရှိ လို့ ဖြစ်နိုင် ပါတယ်။

ဒါက တော့ တရီမာ ကာ ဆေ နဲ့ ကာမီ ကာ ဆေ ကို အနည်း ငယ် ရှင်း ပြ ခဲ့ တာပါ။ ကျွန် တော့် အလုပ် လုပ် နေ တဲ့ ကျောင်း မှာ အာရပ် ကျောင်း သား တွေ လဲ အတော် များ များ ရှိ ပါ တယ်။ တချိန် တုံး က တော့ ဒီ မောင် တွေ ဟာ အမေရိကား တို့ ကနေ ဒါ တို့ အင်္ဂလန် တို့  သြစတြေး လီးယား တို့  နယူးဇီ လန် တို့ လို နိုင်ငံ မျိုး တွေ မှာ တက် ကြ ပါ တယ်။ အဲ လို နိုင်ငံ တွေ က လိုင် စင် ရ ပြီး ရင် အ ရှေ့ အ လည် ပိုင်း နိုင်ငံ တွေ မှာ အ လုပ် ရ ဘို့ လွယ် ပါ တယ်။ အများ လက် ခံ ထား တဲ့ စံနစ် တွေ ကို တညီ တညွတ် တည်း သုံး ကြ တာ ကြောင့် မို့ လို့ ပါ။ လိုင်စင် ကွန် ဗါ့ လုပ် လို့ လွယ် တယ် ပေါ့။ ကျောင်း ဖွင့် စား တဲ့ နိုင် ငံ တွေ အ နေ နဲ့ လည်း စီးပွာ ရေး တွက် ခြေ ကိုက် ပါ တယ်။ အလုပ် အ ကိုင် တွေ ရ စေ တယ် ပေါ့ ။ အဲ လို နဲ့ ၂ ဦး ၂ ဖက် အဆင် ပြေ နေ ကြ ပါ တယ်။

အဲ .. အဲ ဒီ အချိန် မှာ ပဲ  အား လုံး သိ ကြ တဲ့ အ တိုင်း  11/9   အဖြစ် အပြက် ကြီး ပေါ် လာ ခဲ့ ပါ တယ်။ခရီး သယ် တင် လေယာဉ် ကြီး တွေ ကို ပြန် ပေး ဆွဲ ပြီး ဝေါ ထရိတ် စင် တာ ကို အသေခံ ၀င် တိုက် ကြ တဲ့ လုပ် ရပ် ပါ။ စုစု ပေါင်း ၄ စီး ကိုတပြိုင် တည်း  ပြန် ပေး ဆွဲ ခဲ့ ပါ တယ်။ မူ လ သူတို့ ရဲ့ အစီ အစဉ် က ၊ ၂ စီး နဲ့ ဝေါ ထရိတ် စင် တာ ကို တိုက် မယ်။ နောက် ၂ စီး က ပင်တဂွန်  လို့ ခေါ် တဲ့ အမေ ရိ ကန် စစ် ရုံး ချုပ် ကို တိုက် ဖို့ ဖြစ်ပါ တယ်၊ ပင်တဂွန် ကို တိုက် ဖို့ သွား တဲ့  ၂ စီး အ နက် တစ် စီး က ပြန်ပေး ကိစ္စ မအောင်မြင် ပါ ဘူး။ လေယာဉ် ထဲ မှာ ပဲ ရုန်းရင်း ဆံ ခတ် ဖြစ် ပြီး လမ်း ခု လတ် မှာ တင် ပျက် ကျ သွားပါ တယ်။ ဒီကိစ္စ အပြီး မှာ အမေရိ ကန် အပါ အ၀င် အ နောက် နိုင်ငံ တွေ ဟာ လုံခြုံ ရေး ကို အထူး ဂ ရုပြု လာ ခဲ့ ပါ တယ်။ အထူး သဖြင့် အမေရိ ကန် နိုင်ငံ မှာ အမိမြေ ကာ ကွယ် ရေး ဌာ န ဆို ပြီး ဌာန ကြီး တခု အသစ် ဖွဲ့ စည်း ပြီး လုံ ခြုံ ရေး ကိစ္စ တွေ ကို တင်းတင်း ကြပ်ကြပ် ကိုင် တွယ် ပါ တော့ တယ်။ ပို ဆိုး တဲ့ ဖြစ် စဉ် တခု က တော့ အဲဒီ အသေ ခံ လေယဉ် မောင်း သမား တွေ ဟာ ၊ ဒီ လုပ် ရပ် ကို လုပ် ဖို့ အ တွက် အမေရိကန် နိုင်ငံ ထဲ က ပျံ သန်း ရေး ကျောင်း တစ်ခု မှာ လေယာဉ် မောင်း သင် တန်း တက် သွား ခဲ့ လို့ ပါ ပဲ။ ဒီလို နဲ့ ပဲ အထူး တင်းကြပ် လိုက် တဲ့ ဥပဒေ အ သစ် တွေ အ ရ အမေရိ ကန် နိုင်ငံ ထဲ က လေ ယာဉ် မောင်း သင် တဲ့ ကြောင်း တွေ ကို လွယ်လွယ် ကူကူ သွား တက် လို့ မရ တော့ တာ ပါ ပဲ။

အထူးသဖြင့် ပိတ်ပင် ခံ ရ တာ က အရှေ့ အလည် ပိုင်း က အာရပ် မူဆလင် တွေ ပါ။ အမေရိ ကန် တင် မက ပါ ဘူး ၊ ကနေဒါ ၊ အော်ဇီ ၊ အင်္ဂလန် ၊ အိုင်ယာလန် နဲ့ နယူးဇီ လန် တွေ ကို ပါ လေ ယာဉ် မောင်း သင် တန်း တက် ဖို့ ရာ ခက် သွားပါ တယ်။ ဒီမှာ တင် တစ်စခန်း ထ လာ တာက မလေးရှား ပါ။ ဒီ ပြသနာ တွေ မဖြစ် ခင် က မလေးရှား  မှာ လေယာဉ် မောင်း သင် ကျောင်း ၂ ကျောင်း ၃ ကျောင်း လောက်ပဲ ရှိပါ တယ်။ အနောက် ကမ္ဘာ မှာ ဒါတွေ ဖြစ် နေပြီ လို့ ကြား တာ နဲ့ တင် ကို ဒီ ဈေးကွက် ကို အပိုင် အုပ် ဖို့ ကြိုး စား တော့ တာပါ ပဲ။ပျံ သန်း ရေး ကျောင်း ၆ ကျောင်း ၇ ကျောင်း လောက်ချက် ချင်း ကို ပေါ် ချ လာ ပါ တယ်။ ကျွန် တော် လုပ် နေ တဲ့ ကျောင်း က လည်း ထို နည်း နှယ် ပါ။

                                  ယီမင် က အာရပ် ကျောင်းသား  မောင် ဟိုင်ဒါ

အဲ .... ဒီလို နဲ့ ကျွန် တော် တို့ နဲ့ အာရပ် ကျောင်း သား တွေ စတွေ့ ခဲ့ တယ် ဆိုကြ ပါ ဆို့။ ပထမ ကျွန် တော် ကိုင် နေ တဲ့ ကျောင်း သား ၉ ယောက် ထဲ မှာ အာရပ် တစ် ယောက် ပဲ ပါ ပါ တယ် ။ အပတ် စဉ်  ( မလေးရှား- ၄) လို့ ခေါ် ပါ တယ်။ တစ်ရက် တော့ ပျံ သန်း ရေး နည်းပြ ချုပ် လုပ် နေ တဲ့  စင်ကာပူ ရီယန်  လေယာဉ် မှူး က ကျွန် တော့် ကို ခေါ် ပါ တယ်။ ကျွန် တော့် ကို ကျောင်း သား အ သစ် တစ် ယောက် ထပ် အပ် ဖို့ ပါ။ ကျောင်း သား နာမည် က တော့  မောင် ဟိုင်ဒါ  လို့ ခေါ် ပါ တယ်။ ဒီ ကိစ္စ ဟာ တကယ် တော့ မထူးဆန်း  ပါ ဘူး ။သူ က အပတ် စဉ် ၂  က လို့ ဆို ပါ တယ်။ ဒါပေ မဲ့ ထူး ခြား တာ က ဒီ မောင် ဟာ ပျံသန်း ချိန် နာရီ  ဇီးရိုး ပဲ ရှိပါ သေး တယ်။ တစ် ခေါက် မှ လေ ထဲ မ တက် ရ သေး ပါ ဘူး။ သူနဲ့ အတူ တူ မောင် တွေ ဟာ နာရီ ၇၀ - ၈၀ ဖြစ် နေကြ ပါ တယ်။ ဒါကြောင့် ကျွန် တော် ဟာ နည်းပြချုပ် ကို မေးခွန်း ပြန် ထုတ် ရ ပါ တော့ တယ်။ နည်း ပြ ချုပ်  ပြန်ဖြေ တာ ကတော့--- ဒီ မောင် အ တွက် လည်း ကျန် တဲ့ အပတ် စဉ် တူ ချင်း တွေ နည်း တူ ကျောင်း သား လိုင် စင်  SPL  လျောက် ခဲ့ ပါ တယ် ၊ လွန်ခဲ့ တဲ့ ၈ လ လောက် ကတည်း က ပါဘဲ ၊ ဒါပေမဲ့ ဒီ မောင် လိုင် စင် မ ရ ခဲ့ ပါ ဘူး။ DCA  ကို ဆက် စုံစမ်း ကြည့် တော့ သူ့ အ တွက် Security Clearance Letter  မရ သေး လို့  လို့ ဆို ပါ တယ်၊ ဒါနဲ့  ပြည်ထဲ ရေး ကို ဆက် စုံ စမ်း ကြည့် တော့ ကျန် တဲ့ မောင် တွေ တော့ Clear  ပေးပြီး ပြီ ဒီ မောင် အတွက် က တော့ နောက် ကြောင်း ရာ ဇ ၀င် စုံ စမ်း နေ တုန်း လို့ ဖြေပါ တယ်။ ဒီ မောင် နေ တာ က  ယီမင်  နိုင်ငံ မြောက် ပိုင်း ဖြစ်ပြီး တော့ ၊ အဲဒီ နေ ရာ ဟာ လည်း အကြမ်း ဖက် သမား အချို့ နဲ့ ဆက် စပ် တဲ့ နေ ရာ ဖြစ် လို့ ပို ပို သာသာ လေး စစ် ဆေး နေ ပါ တယ် တဲ့။ ဒါ ကြောင့် ဒီ မောင် ဟာ သူ များ ထက် ၈ လ လောက် နောက် ကျ ပြီး မှ လိုင် စင် ရ ခဲ့ ပါ သတဲ့။ ဒါ နဲ့ ပဲ   Security Clear   နောက် ကျ တဲ့ အဲ ဒိ အာရပ် ကျောင်း သား ဟာ ကျွန် တော့် တ ပည့် ဖြစ် လာ ခဲ့ ပါ ပြီ။ ( နဲနဲ ရှည် သွား လို့ ၂ ပိုင်း ခွဲ ခွင့် ပြု ကြ ပါ အုံး ဗျာ )

Sunday, February 6, 2011

မောင် အက်ထရာ့စ် .နဲ့ Famil Flight ၂

ဒီမောင် အတွက် က လည်း ပထမဆုံး လေထဲ တက် တဲ့ အခေါက်၊ ကျွန် တော့် အ တွက် က လည်း မလေး ရှား ကျောင်း သားနဲ့ ၊ မလေးရှား လေထု ထဲ ပထမ ဆုံး အခေါက်။ ဂျဟိုး ဘာ ရူး ရဲ့ ရာသီဥ တု နဲ့ လဲသိပ် အကျွမ်း တ ၀င် မဖြစ် သေး၊ မြေပုံ တွေ ချတ် တွေ ဂရပ် တွေ က လဲ ပြည့်ပြည့် စုံစုံ မပါ လာ။ ဒီလို နဲ့ပဲ ဂဂျမ်းဂဂျမ်း နဲ့ တက်ချ သွားပါ လေ ရော။ ကျွန်တော် သွားရ မယ့် လေ့ကျင့် ရေး ဧရိယာ က ပူလိုင်း ဆိုတဲ့ တောင် ရဲ့ တောင်ဖက် ၊ အဲဒီ  ပူလိုင်း  ဆို တဲ့ တောင် ဟာ  ဂျဟိုး  လေယဉ် ကွင်း ရှိတဲ့  စနိုင်း  ဆိုတဲ့ မြို့နဲ့  အနောက်ဖက် ကမ်းရိုး တန်း ပေါ် က  ပွန်တီယန် ကချေး  ဆိုတဲ့ မြို့ ၂ မြို့ ကြား ထဲ မှာရှိပါ တယ်။ ဧရိယာ ရဲ့တောင်ဖက် နယ် နမိတ် က တော့ စင်ကာပူ နယ်စပ် ပါ ။ အဲဒီ လို နဲ့ ပဲ လေကျင့် ခန်း နယ် မြေ ကို ၁၅ မိနစ် လောက် အကြာ မှာ ရောက် ခဲ့ ပါ တယ်။
                                                မောင် အက်ထရာ့စ်
ရောက် ပြီး ကျောင်း သား ကို ပြောပြ စရာ လေး တွေ ၊ လုပ်ပြစရာ လေး တွေ ပြောပြ လုပ် ပြ နေ တုံး ၊ အရှေ့ တောင် ဖက်လောက် က နေ  Fog လို့ ခေါ် တဲ့ တိမ် မြူ ခိုး တွေ တဖြည်းဖြည်း လှိမ့် ၀င် လာ ပါ တော့ တယ်။
ကျွန် တော် ရာသီဥတု အခြေအနေ ကို သေ ချာ လေ့ လာ ကြည့် လိုက် တော့  Fog က တော် တော် ထူပါ တယ်၊ Thick Fog ဖြစ် နေပါ တယ် ၊ ပင်လယ် ရေမျက် နှာ ပေါ်မှာ ဖြစ် ထွန်း လာပြီး လေကြောင်း သင့် ရာအရပ် ကို မျော ၀င်လာ တာ ဖြစ်ပါ တယ်။ Advection Fog လို့ လဲ ခေါ်ပါ တယ်။ တချိန် တည်း မှာ ပဲ ကျွန် တော့် မြောက် ဖက်မှာ ရှိနေ တဲ့ ပေ ၂၀၀၀ ကျော် မြင့် တဲ့ တောင် ကြီး ကို လဲ တဖြည်းဖြည်း နဲ့ မ မြင် ရ တော့ ပါ ဘူး၊ သူ့ ကို လဲ Up-slope Fog  တွေက တဖြည်းဖြည်း ဖုံး သွား ပါ တော့ တယ် ၊ ကျွန် တော့် ကို ထိန်း ခိုင်း ထား တဲ့ အမြင့် ပေ က လဲ ပေ ၂၀၀၀ ထက် ကျော်  လို့ မရ ပါဘူး ၊ နောက်ပြီး ကျွန် တော် ပျံ နေတဲ့ ဖလိုက် က  VFR  လို့ ခေါ်တဲ့ မျက် မြင် ပျံရ တဲ့ ဖလိုက်ပါ ။ IFR  လို့ ခေါ်တဲ့ ချိန် ခွက် နဲ့ ပျံ တဲ့ ဖလိုက် မဟုတ်ပါ ဘူး၊ ဒါ ပေမဲ့ စင်ကာပူ နိုင်ငံ ကြီး တခု လုံး နဲ့ မလေးရှား နဲ့ စင်ကာ ပူ ကို ဆက် သွယ် ထား တဲ့  စကင်း လင့်ခ်  လို့ ခေါ် တဲ့ တံတား ကြီး တစ်စင်း လုံး ကို ကောင်း ကောင်း မြင်နေ ရပါ သေး တယ်၊ တောင် ကို မမြင် ရ တော့ တဲ့ အတွက် ပို စိတ် ချ ရ အောင် တောင် ဖက် ၊ စင်ကာပူ ဖက် ကို နဲနဲ တိုး ပြီး နေ လိုက် ပါ တယ် ။

နောက်ပြီး မြေပြင် က ရေဒီ ယို ကိုလှမ်း ကျူးမ်း  လုပ် ပြီး ပြန် ဖို့ လုပ် လိုက် ပါ တယ် ၊ ဒါ ပေမဲ့ အဲ ဒီ  VOR  လို့ ခေါ် တဲ့ စက် ကို ကျူးမ်း  လုပ် ဖို့  လေ လှိုင်း နှုံး  ကို လဲ သေချာ မသိပါ ဘူး၊ အဲ ဒါ က လဲ သူ့ သက် ဆိုင် ရာ ချတ် ကို ကိုင် ပြီး လုပ် ရ တာ ပါ၊ နောက် ပြီး အဲ ဒီ နား မှာ ကို အဲဒီ  VOR  လို့ ခေါ် တဲ့ ရေ ဒီ ယို စတေ ရှင် တွေ က အ များ ကြီးပါ။  တစ်ခု နဲ့ တစ်ခု လဲ အရမ်း ကပ် ပါ တယ်။ စင်ကာပူ မှာ တင်  ၆  ခု လောက် ရှိပြီး ဂျဟိုးဘာရူး မှာ လဲ  ၄  ခု လောက် ရှိပါ တယ်။ မှား သွား လို့ မရ ပါ ဘူး။ ကျွန် တော့် မှတ်စု စာ အုပ် မှာပဲ မြန် မြန် ရှာ နေ လိုက် ပါ တယ် ။ လေယာ ဉ် က လဲ ကိုင် ထား ရ ပါ သေး တယ်၊ ကျောင်း သား ကို လဲ ဘာမှ အကူ အညီ တောင်း လို့ မရ သေး ပါဘူး။  သူ အတွက် က  လဲ အူကြောင် ကြောင် နဲ့ ၊ ပထမ ဆုံး အခေါက် ကိုး ။ လှိုင်း နှုံး တွေ့ တော့ အဲ ဒါ ကို ကျူးမ် လုပ် လိုက် ပါ တယ်။ တကယ် ဆို အဲဒီ  ဖရီကွင်စီ ကို  Set  ပြီး ပြီ ဆို တာ နဲ့ မှန် ရဲ့ လား ၊ သေချာ ရဲ့ လား ဆိုပြီး တော့  အဲဒီ ရေဒီယို စတေရှင် က လွှင့် ထုက် နေ တဲ့  မောစ် ကုတ် လေး ကို နား ထောင် ရ ပါ တယ် ။ ဂျဟိုးဘာရူး အ တွက် တော့  VJR   ဆို တာ လေး ကို မောစ် ကုတ် လေး နဲ့  " ဒစ် ဒစ် ဒါ ဒါ "  နဲ့ လွှင့် ပေး နေ ပါ တယ် ။ ကျွန် တော် က လဲ အဲ ဒါ တွေ အလွတ် မရ တော့ ပါ ဘူး။ ကြည့်စရာ ချတ် လဲ မပါ ပါ ဘူး။ အဲဒီ တော့ စစ် မနေ တော့ ပါ ဘူး ၊ မှန် မှာပါ ဆို ပြီး ထား လိုက် ပါ တယ်။

အဲလို ရှုပ် နေ တုံး ဂျဟိုး တာ ၀ါ က ကျွန် တော့် ကို လှမ်း ခေါ် ပါ တယ်။ ကိုယ့် နေ ရာ မှာ ကို နေ နေ ရဲ့ လား လို့ လှမ်း မေး ပါ တယ်။ ကျွန် တော် က လဲ ထိန်း ရ မဲ့ နေ ရာ   Assigned Area   မှာ နေ နေ ကြောင်း ပြန် ဖြေ လိုက် ပါ တယ်။ နောက်ပြီး သူ က စင်ကာပူ တန်ငါ့  လေ တပ် က လှမ်း ခေါ် နေ ကြောင်း ဆက်သွယ် မှု ယူ လိုက် ပါ အုံး လို့ လှမ်း ပြောပါ တယ်။  ကျွန် တော် လဲ စိတ် ပူ သွား ပါ တယ်။  ကျွန် တော့် နေ ရာ လဲ ပြန် စစ် လိုက် ပါ တယ်၊ ဟုတ်ပါ တယ် ကျွန် တော် မ မှား ပါ ဘူး ။ စကင်းလင့် ခ်  ဆို တာ ကြီး ကိုး  က ကျွန် တော့် တောင် ဖက် မှာပါ ။ ပြိး တော့  သူ တို့ ပြော တဲ့ စင်ကာ ပူ တန်ငါ့ လေ တပ် က တာ ၀ါ ကို လှမ်း ခေါ် လိုက် ပါ တယ်။ တန် ငါ့  တာ ၀ါ နဲ့ အဆက် အသွယ် ရ တော့  VFR  ဖလိုက် ကို ထိန်း လို့ ရ ရဲ့ လား လို့ မေး ပါ တယ်။ ကျွန် တော် က လည်း ရ ကြောင်း နဲ့  နောက် ၅ မိနစ် ကြ ရင် ပြန် တော့ မှာ ဖြစ် ကြောင်း ပြန် ဖြေ လိုက် ပါ တယ်။ သေချာ ပါ တယ် သူ တို့ ရေ ဒါ နဲ့ ကြည့် နေပြီး ကျွန် တော် က လည်း သူ တို့ ဖက် ကို တိုး တိုး လာ လို့ လှမ်း ဆက် သွယ် တာပါ။ ပြီး တော့ လက် ရှိ သူ တို့ ရေဒါ မှာ မြင် နေ ရ တဲ့  Weather  အခြေ အ နေ ရယ် ။ ကျွန် တော့် ခေါင်း ပေါ် မှာ ရှိ နေ တဲ့ ( ကျွန် တော့် ထက် မြင့် တဲ့ နေ ရာမှာ ရှိ နေ တဲ့ )  သူ တို့ လေတပ် လေ ယာဉ် တွေ ရဲ့ အချက် အလက် တွေ ပေး ပြီး ဂျဟိုး ကို ပြန် ဆက် သွယ် ခိုင်း လိုက်ပါ တယ်။
                                           ကျွန် တော့် ကျောင်း သား လေး တွေ
ပြီး တော့ ကျွန် တော် လည်း စမ်း တ၀ါးဝါး နဲ့ တိမ် ပြင် ကြီး ရဲ့ အပေါ် ကနေ  VOR  လေး အား ကိုး ပြီး ပြန် လာ လိုက် ပါ တယ်။ ကွင်း ဆင်း တော့ လဲ ချိန် ခွက် အား ကိုး နဲ့ တိမ် ကို ဖေါက် ပြီး စမ်း တ၀ါးဝါး နဲ့ ဆင်း လာ လိုက် ပါ တယ် ။ ပေ ၂၀၀ လောက် ရောက် မှ ရှေ့ မှာ  ဂျဟိုးဘာရူး ကွင်း ကြီး ကို ဘွား က နဲ မြင် လိုက် ရ ပါ တယ်။ အဲ ဒီ ကြ မှ ကျွန် တော် လဲ တပည့် ကျော် ကို ပြုံး ပြ လိုပ် ပါ တယ်။ သူ လဲ ပြန် ပြုံး ပြ ပါ တယ် ။ တောက် လျောက် ကျွန် တော် က လေ ယာဉ်ကို ကိုင် လိုက် ၊ စာ အုပ် တွေ ရှာ လိုက် ၊ ရေဒီ ယို ဖရီ ကွင် ဆီ တွေ ပြောင်း လိုက် ၊ VOR  စက် ကို ကိုင် လိုက် ၊ ဂျ ဟိုး ကို ရေ ဒီ ယို ပြော လိုက် ၊ စင် ကာ ပူ ကို ပြော လိုက် ၊ ဂျဟိုး ကို ပြန် ပြော လိုက် လုပ် နေ တာ ကို ဒီ မောင် ငေါင် ငေါင် လေး ကြည့် နေ ရှာ တာ ပါ ။ ဖလိုက် ပြီး သွား မှ မေး ကြည့် လိုက် ပါ တယ်။
  " မင်းငါ နဲ့ ဖမ်မေးလ်  ဖလိုက် တက် ရ တာ  ပျော်ရဲ့ လား ကွ "
" ပျံသန်း ရေး ဆို တာ မိုက် တယ် နော် ၊ ကျွန် တော် ကပ္ပတိန် နဲ့ လိုက် စီး ရ တာ တော် တော် ပျော် ပါ တယ်"
လို့ ဖြေ ရှာပါ တယ် ။

Saturday, February 5, 2011

မောင် အက်ထရာ့စ် .နဲ့ Famil Flight

----- လိုင်စင် က လဲ ချက်ချင်း တင် ပြီး ချက် ချင်း ရ တာ မ ဟုတ်ပါ ဘူး၊ ၇ ရက် လောက် စောင့် ရ ပါ တယ်၊ လိုင်စင် ရ ပြီး လာ ယူ တော့ လို့ လဲ ပြောရော ပူထရာ ဂျာရား ကို နောက် တစ် ခေါက် ထပ် ပြေး ရပါ သေး တယ်။ လိုင်စင် ထုပ် ပြီး ပြန်လာ တော့ အချိန် က လဲ နဲနဲ ရ သေး တာ နဲ့ ည ၉ နာရီ ၁၀ နာရီ ကား နဲ့ ပဲ ပြန် ဖို့ ဆုံး ဖြတ် လိုက်ပါ တယ်၊ မနက် ဝေလီ ဝေလင်း ဂျဟိုး ပြန် ရောက် မယ် ပေါ့။ ဒါနဲ့ ပဲ ဘူကစ်ဘင်တန်း နားက က ကျွန် တော် တည်းခို နေ တဲ့   အာလောစထရိ  ဟိုတယ် ကို ပြန်လာခဲ့ ပါ တယ်။ အဲဒိ ဟော် တယ် က  ဂျလန် အာလော ဆို တဲ့ လမ်းမှာ ပါ ၊ ဘူကစ်ဘင်တန်း နဲ့ ဂျလန်အာလော နား တ၀ိုက် က တစ်ညလုံး စည်ပါ တယ်၊ အားလုံး လို လို ဟာ မိုး လင်း ပေါက် ဆိုင် တွေချည်း ပါ ဘဲ၊ ဟိုကြည့် ဒီကြည့် ဟိုသွား ဒီ သွား လဲ လုပ် လို့ ကောင်းပါ တယ်၊ လုံ ခြုံ ရေး လဲ စိတ်ချ ရပါ တယ်။ ကျွန်တော် ကေအယ်လ် သွား တိုင်း လိုလို အဲ ဒီ မှာဘဲ တည်း တာ များ ပါ တယ်။ အဲဒီ မှာပဲ ထမင်း လေး ဘာ လေး စား ၊ ပြီး တော့ လမ်း ဘေးမှာ ပြ နေ တဲ့ ရွှေလူသား တို့ ငွေ လူ သား တို့ မြွေ လူသား တို့ ကြည့်၊ နောက်ပြီး အာ ဖရိက ရိုးရာ လေမှုတ် ဒူရိယာ အရှည်ကြီး တွေ ရယ် အာဖရိက ဗုံ တွေ ရယ် ပေါင်း ပြီး တီး တဲ့ အဖွဲ့ လဲရှိ တယ် ၊ တော်တော် လေး နား ထောင် လို့ ကောင်း ပါ တယ်၊ အဲဒီ မောင် တွေ တီး တာ လဲ သွား နား ထောင် ပါ တယ်။

                                   ဘူကစ်ဘင်တန်း  က ရွှေလူ သား နဲ့ ငွေ လူသား

-----     နောက်ဆုံး ကြတော့ မှ  ဘီဘီ ပလာဇာ တို့ လောယက်ပလာဇာ တို့ နား က ကော်ဖီ ဆိုင်မှာ ထိုင်ပါ တယ်။ အဲဒီ နား မှာလဲ တီးဝိုင်း တစ်ခု တီး နေ တာရှိပါ တယ်။ တော် တော် နား ထောင် လို့ ကောင်းပါ တယ်၊ အင်္ဂလိပ် သီးချင်း တွေတီးတာ များပါ တယ်၊ လူဖြူ တွေ လဲ တော် တော် များများ လာ ကြ တဲ့ နေ ရာတခုပါ ။ အားလုံး ကြည့်လို့ ၀ပြီ ဆိုမှ  ပူဒူး ရာ ယား ဆိုတဲ့ နေရာ မှာ ဘစ်ကား သွား စီး ပါတယ်၊ ကားဂိတ် ရောက် တော့ ၁၁ နာရီ လောက် ရှိပါ ပြီ။ ကားခ ၃၁ ကျပ် ပေးပြီး တက် ထိုင် ရုံပါ ဘဲ ၊ ကား က လဲ ကား ပေါ် တက် ထိုင် ပြီး အနည်း ဆုံး နာရီ ၀က် တစ်နာ ရီ လောက် မှ ထွက် ပါ တယ် ။ နောက်ပြီး ကျွန် တော် တို့ နေ တဲ့ စီနိုင်း  ဆို တဲ့ လေ ယာဉ် ကွင်း ရှိတဲ့ မြို့ ကို ကား က တိုက်ရိုက် မရောက် ပါဘူး၊ ကား က ဂျဟိုးဘာ ရူး မြို့ ထဲ ကို သာ သွား တာပါ၊ ဒီတော့ အနီး ဆုံး ဖြစ်တဲ့  စကူဒိုင်း  ဆိုတဲ့ ကား ဂိတ်မြို့ လေး မှာ ဆင်း ရ ပါ တယ်။ ဒီမှာ ပြသနာ က ဘာလဲ ဆို တော့ အိပ် ပျော် ပြီး ဂျဟိုး အ ထိ မပါ သွား ဘို့ပါ။ ကေ အယ်လ် အသွား ဆို လို့ ကတော့ ကောင်း ကောင်း အိပ် လိုက် သွား လို့ ရ ပါ တယ်။ ဂိတ်ဆုံး လို့ ကား ရပ် ရင် သူ ဖာသာသူ နိုး သွား ရော ၊ စိတ်ချ လက်ချ အိပ် လိုက် သွား လို့ ရ တယ်။ ဒါ ပေ မဲ့ အ ပြန် ခရီး ကြ တော့ အဲဒီ  စကူ ဒိုင်း  ဆင်း ရမှာ ဆို တာ နဲ့ အိပ်ချင်တဲ့ စိတ် ရယ် ၊အိပ် ပျော် သွား လို့ မရ ဘူး ဆိုတဲ့ စိတ် ရယ် ၂ ခုပေါင်းပြီး အိပ် လို့ မရ တော့ ပါ ဘူး။ ဒီလို နဲ့ ပဲ ဝေလီ ဝေလင်း မနက် ၄ နာရီ လောက်မှာ စကူဒိုင်း ရောက် ၊ ၁၅ ကျပ် ပေးပြီး တက္ကစီ ဆက် စီး ၊ အိမ် ကို နောက် ထပ် ၁၅ မိနစ် လောက် မှာ ရောက်၊ ၇ နာရီ ခွဲ လောက် ရုံး အရောက် ပြန် သွား ရ မှာ မို့ တယ်လီ ဖုံး အလမ်းမ်  ကို ၆ ခွဲ လောက် ပေး ပြီး တခါ တည်း ၀င် အိပ် လိုက် ပါ တော့ တယ်။
-----    အိပ် ရေးမ၀ တ၀ နဲ့ ၇ နာရီခွဲ လောက် ကျောင်း ရှေ့ ရောက် တော့ ကဒက် ပိုင်း လော့ လို့ ခေါ်တဲ့ ကျောင်းသား မောင် အက်ထရာ့စ် က စောင့် နေ ပါ တယ်။ ဒီမောင် ကတော့ ကျွန် တော် သင်ပေး ရ မယ့် ကျောင်းသား ၁၀ ယောက် ထဲ က တစ် ယောက် ပါပဲ။ ကျွန် တော် အကြမ်းဖျင်း အား လုံး ကို လေ့ လာပြီး သားပါ။ ဒီ မောင်က စာ လဲ တော် ပါ တယ် ။ သင်ခန်းစာ ပို့ ချ ချိန် တွေ မှာ လဲ တက်ကြွပါ တယ်။
          " ကပ္ပတိန် ၈ နာရီမှာ ကျွန်တော် နဲ့ စ တက် ရ မယ်၊ ဖါမ်မေးလ်  ဖလိုက်ပါ  "
          " အေး တက် တာ ပေါ့ ကွာ"
    တကယ် တော့ ကျွန် တော် သေသေ ချာချာ မပြင်ဆင် ရ သေး ပါဘူး၊ ရာသီဥ တု ကလဲ မဆိုး တာ မို့ တက် လိုက် ပါ တယ်၊ အိပ်ရေး သိပ် မ ၀ တာ ပဲ ရှိပါ တယ်၊ ဖါမ် မေးလ် ဖလိုက် ဆို တာ က တော့ ပိုင်း လော့ ဘ၀ရဲ့ ပထမ ဆုံး သော ဖလိုက် ပါ၊ ဘာမှ ထွေထွေ ထူးထူး သင်စရာ မလို သေးပါ ဘူး။ သက်တောင့် သက်သာနဲ့ လေယဉ် လိုက် စီး ခိုင်း လိုက် တာပါ ပဲ၊ လေယဉ် ထဲ က ဟာ လေး တွေ နဲနဲ ရှင်းပြ ၊ အပြင်က ဟာလေး တွေ ကြည့်ခိုင်း ၊ ဟိုဟာတွေ့ လား ဒီဟာ မြင်လား ဒီဟာ လေး စမ်း လုပ် ကြည့် စမ်း ပါ ဘာ ညာ လေး တက် လုပ်ရ တာပါ။  ပထမ ဆုံး လေထဲ တက် တာဖြစ် လို့ အချို့ မောင် တွေ က အန် တတ်ကြ ပါ တယ်။ အန် ရင် သုံး ဖို့ ကျွတ်ကျွတ် အိပ် လဲ ၂ အိတ် ၃ အိတ် လောက် ယူ ခဲ့ ခိုင်း လိုက်ပါ တယ်၊ ဒါပေမဲ့ လေယာဉ် ပေါ် ရောက် တော့ မြေပြင် အဖွဲ့ တွေ က ကြိုပြင် ပေး ထား တဲ့ Air Sickness Bag ဆို တဲ့ အိတ် လေး တွေ က ရှိနှင့် နေပါ တယ်။( နဲနဲ ရှည် သွား တယ် ၂ ပိုင်း ခွဲ လိုက် ဦး မှ ပါ )

Friday, February 4, 2011

လိုင်စင် ကွန်ဗါ့တ် လုပ် ခြင်း

                                                           ကပ္ပတိန် ရာ ဇီ

             ဒီတခါ တော့ ကျွန် တော့် လိုင်စင် ကို ကွန် ဗါ့ တ် လုပ် တာ ပြော ပါ့ မယ်၊ ကျွန် တော် လက်ရှိ ကိုင် ထား တဲ့ လိုင်စင် က Myanmar DCA ရဲ့  CPL/IR ပါ ၊ အဲ ဒီ အ ထဲ မှာ နည်း ပြ ဆရာ Endorse လဲ ပါ ပါ တယ် ၊ အဲဒါ  နဲ့ မလေးရှား မှာ မောင်း လို့ မ ရ သေး ပါ ဘူး ၊ မြန် မာ ပြည် မှတ် ပုံတင် လေ ယာဉ်  XY Registration  ကို ဘဲ မောင်း လို့ ရ ပါ တယ်၊ မလေး ရှား က   9M Registration  လေယာဉ် ကို မောင်း လို့ မရ သေးပါ ဘူး၊ အဲဒီလို နိုင်ငံ မတူ တဲ့ လေ ယာဉ် ကို မောင်း မယ် ဆို ရင် လုပ်နည်း ၂ နည်း ရှိပါ တယ်။
     ပထမ နည်းက တော့ အမျိုး အစား တူ တဲ့ လေယာဉ် ရဲ့ Endorse ပါလာ ရင် လိုင်စင် အသစ် ထုတ် ယူ ဘို့ မလို ပါ ဘူး၊ မလေးရှား DCA က စစ် စရာ ရှိတာ စစ် ပြီး လေကြောင်း ဥပဒေ တစ် ဘာသာ ဖြေ ပြီး ရင် Validation Letter ဆိုတာ ထုပ် ပေး ပါ တယ်၊ အဲဒီ စာ နဲ့ မိမိ ကိုယ် ပိုင် လိုင် စင် နဲ့ မောင်း လို့ ရ ပါ ပြီ။ ဆေးစစ် တာ အပါ အ၀င် တခြား သက်တမ်း တိုး စရာ ကိစ္စ အား လုံး မြန်မာ လေကြောင်း ဦး စီး နဲ့ ပဲ ဆက် သွယ် ပြီး လိုင်စင် ကို သက် တမ်း ဆက် ထား ရ ပါ တယ်။
       ဒုတိယ နည်း ကတော့ မိမိ လိုင်စင် ထဲ မှာ မောင်းရ မယ့် လေ ယာဉ် အတွက် Endorse မလုပ် ထားပါ က၊ လိုင်စင် ပြောင်း ကိုင် တာ လုပ် ကို လုပ် ရ မှာ ပါ။ သက်ဆိုင် ရာ နိုင်ငံ ရဲ့ လိုင်စင် ရပြီ ဆို မှ အဲဒီ ထဲ မှာ လိုအပ် တဲ့ လေယာဉ် တို့ နည်းပြ အဆင့် တို့ထဲ့ လို့ ရမှာ ပါ။
      ကျွန် တော် က တော့ ဒုတိ ယ နည်း လုပ် ခဲ့ ရ ပါ တယ်။ လိုင်စင် ကွန်ဗါ့တ် နည်း ပေါ့။ ပထမ ဆုံး မြန် မာ လိုင် စင် ကို မလေး DCA ကို တင်ပြရ ပါ တယ်။ သူတို့ က ခွင့် ပြု ပြီ ဆို တော့ မှ သူတို့ ဆီ က သတ်မှတ် လေကြောင်း ဆရာ ၀န် ဆီ မှာ ဆေး စစ်။ ပြီး တော့ မလေး DCA မှာ စာမေး ပွဲ သွား ဖြေ ။ ဖြေရ တဲ့ ဘာ သာ တွေ က တော့ လေကြောင်း ဥ ပ ဒေ ရယ် လေကြောင်း ဆေးပညာ ရယ် ပါ ။ ပြီး တော့ UK CAA ထဲ က တစ် ဘာ သာ ဖြေ ရ ပါ တယ်၊ ဟိုး အင်္ဂလန် က CAA ဆီ ကို ငွေ လှမ်း သွင်း ၊ ပေါင်စတာ လင် ၇၀ တောင် ပေး ရ ပါ တယ် ၊ ပြီး တော့ မှ မလေး DCA က စာစစ် ဌာန အဖြစ် လုပ် တဲ့ UK CAA စာ မေးပွဲ ကို ၀င် ဖြေ ခဲ့ ပါ တယ်။
      နောက် တစ်ခု က တော့ လေကြောင်း အင်္ဂလိပ် စာ စာ မေး ပွဲ ပါ ၊ အဲဒါ က လဲ ရန်ကုန် မှာ ဖြေခဲ့ ပြီး သားပါ၊ ဒါပေမဲ့ မလေး လိုင်စင် အ တွက် မလေး DCA က အသိအမှတ် ပြု တဲ့ စာစစ် ဌာန မှာ ထပ် ဖြေ ရမယ် ဆိုသဖြင့် ထပ် ဖြေ လိုက် ရပါ တယ် ၊ အဲဒီ မှာ လဲ မလေး DCA က ကိုယ် တိုင် မစစ် ပါ ဘူး ၊ လေကြောင်း အင်္ဂလိပ် စာ စစ် ဆေး ပိုင် ခွင့် Certificate လို ချင် တဲ့ ကျောင်း ဒါမှ မ ဟုတ် အဖွဲ့ အ စီး တွေ ကို UK CAA လက်မှတ် ရ အောင် သာ လုပ် ခိုင်း လိုက် ပါ တယ် ၊ ပြီး တော့ UK CAA အသိအ မှတ် ပြု စာ စစ် ဌာ န အာ လုံး ကို မလေး DCA ကလဲ အ သိ အမှတ် ပြု လိုက် ပါ တယ်။ အဲ ဒီ တော့ မလေး နိုင်ငံ ထဲ မှာ ဖြေချင် ရင် တက္ကသိုလ် ကြီး ၂ ခု ကြိုက် တဲ့ တစ်ခု မှာ ဖြေလို့ ရ ပါ တယ်၊ ဒါမှ မ ဟုတ် အခြား ရွေး ချင် တယ် ဆို လဲ UK CAA Approved ကြိုက် တဲ့ တစ်ခု ခု မှာ ဖြေခွင့် ရှိ ပါ တယ်၊ အွန် လိုင်း မှာရှာ ပြီး အွန် လိုင်း မှာ ဖြေ လဲ ရ ပါ တယ်။ ကျွန် တော် က တော့ အ လွယ် ဆုံး လို့ လူ ပြော များ နေ တဲ့  မလေးရှား က UPM ဆို တဲ့ တက္ကသိုလ် ကြီးမှာ ပဲ သွား ဖြေ လိုက် ပါ တယ်။ Level 4 ရ ခဲ့ ပါ တယ်။ သက်တမ်း က လဲ ၂၀၁၃ လောက် မှ ကုန်မှာ ပါ။
  
  နောက် တခု က တော့ ပျံ သန်း ရေး ပိုင်း ပါ။ အဲ ဒီ မှာ လည်း ကျွန် တော့ အတွက် လုပ် စရာ က ၂ ခု ရှိ နေပြန် ပါ တယ်၊ ပထမ တခု က တော့ သူတို့ ကျောင်း မှာ သုံး တဲ့ ပိုက်ပါ လေ ယဉ် ကို Endorse လုပ် ဖို့ ပါ ၊ ဒုတိယ အနေ နဲ့ ကတော့ ကျွန် တော့် လိုင်စင် ထဲမှာ ပါ တဲ့ နည်းပြ ဆရာ ဆို တဲ့ Endorse ကို မလေး လိုင် စင် ထဲ ထည့် ဖို့ပါ။ ဒီကိစ္စ တွေ အတွက် ကို တော့ ကျောင်း က ကပ္ပတိန် ရာဇီ ဆို တဲ့  ပုဂ္ဂိုလ် ကြီး နဲ့ ပဲ ၂ ပါး သွား ကြ ရပါ တယ်။ လေယာဉ် က တော့ ကျောင်း က စရိတ် ခံ ပြီး ၆ နာ ရီ ပေး ပါ တယ်။ အဲဒီ ကပ္ပတိန် ရာဇီ ဟာ ကျွန် တော် နဲ့ တွေ့ ချိန် မှာ အသက် က ၆၀ ကျော် နေပါ ပြီ ၊ ဒါ ပေမဲ့ လဲ အား ကောင်း မောင်း သန် နဲ့ တော် တော် လေး လုပ် နိုင် ကိုင် နိုင် သေး တာ တွေ့ ရ ပါ တယ်။ ကျွန် တော့် ကို DCA Check သွင်း ဖို့ အတော် လေး အား ထည့်  ပြီး သင် ပေး ပါ တယ်။ ပြောဆို ဟန်ပန်တို့ ၊ Class Room ထဲ ၀င်တာ နဲ့ ကျောင်းသား ရဲ့ အင်ပရက်ရှင်း ကို ဘယ် လို ယူ တို့၊ မေးခွန်း ကို ဘယ် လို မေး တို့၊ သင်ပုန်း ကို ဘယ် လို သုံး ၊ အရောင် တွေ ကို ဘယ်လို သုံး၊ ကျောင်းသား ဘက် ကို တောက် လျောက် ကျော  မပေး ထား နဲ့ တို့၊ ( Training Aids)  လို လေ့ ကျင့် အထောက် အကူ ပစ္စည်း ကို သုံး ပေး ဖို့ တို့၊ အစုံ ပါ ပဲ။

        အား လုံး လဲ ပြီး ရော DCA Check အတွက် ရယ် ဒီ ဖြစ် ပြီ ဆို ပြီး DCA Examiner ဖြစ် တဲ့ မလေး DCA က ကပ္ပတိန် အာဘာ့စ် ဆိုတဲ့ ပုဂ္ဂိုလ် ကို  လှမ်း ခေါ် ပါ တော့ တယ်၊ တကယ် တော့ အခု မှ လှမ်း ခေါ် တာ မဟုတ် ပါဘူး လွန်ခဲ့ တဲ့ တစ် ပါတ် လောက် က တည်း က ဒီနေ့ ဒီရက် မှာ လာ စစ် ဖို့ ပြော ထား ပြီး သားပါ။ ဒီမှာ လဲ ဒီ ကပ္ပတိန် ၂ ယောက် ရဲ့ အကြောင်း ကို နဲနဲ ပြော ပြ လို ပါ တယ်၊ ရာဇီ ဆို တဲ့ လူ က စီနီယာ ကြီး ပါ၊ AE လို့ ခေါ်တဲ့ ပျံ သန်း စစ် ဆေး ရေး အရာ ရှိ လုပ် နေ တာ ကို တော် တော် ကြာ နေပါ ပြီ၊ အာဘာ့စ် ဆို တဲ့ လူ ကတော့ လူ လတ် ပိုင်း ပဲ ရှိပါ သေး တယ် ၊ ဒါ ပေမဲ့ DCA ရဲ့ မူ အ ရ လူသစ် တစ် ယောက် အတွက် ပထမ ဦး ဆုံး စစ် ဆေး မှု ကို DCA က ဒုညွန်ကြား ရေး မှူး အဆင့် ရှိ တဲ့ AE ကသာ စစ် ခွင့် ရှိပါ တယ်။ အဓိပါယ် က တော့ အစိုး ရ အရာ ထမ်း ကို ပဲ အဲ ဒီ Initial Check တွေ ကို စစ် ခွင့် ပေး ထား တဲ့ သဘောပါ။
        အဲဒီ မှာ ကပ္ပတိန် အာဘာ့စ် ဆို တဲ့ လူ ကသူတို့  ပူထရာဂျာရား မှာ အစည်း အဝေး တွေ များ နေ လို့ ဆိုပြီး မ လာ နိုင်ပါ ဘူး ၊ ရာဇီ ကြီး ကို ဘဲ သူ့ ကိုယ်စား စစ် ဆေး ပေး ပါ ဆို ပြီး လှမ်း ပြီး ခွင့် ပြု မိန့် ပေး လိုက် ပါ တယ်၊ ရာဇီ ကြီး က လဲ အို ကေ ကြိုက် တယ် ဆို ပြီး ကျွန် တော် ကို ခေါ်ပါ တယ် ၊ ပြီး တော့ ..
        " အာဘာ့စ် က မအား ဘူး ကွ .....ငါ့ ကိုယ် ဘဲ စစ် ခိုင်း လိုက် တယ် ... ဒီ တော့ .....မင်း နဲ့ ငါ နဲ့ နောက် ဆုံး တက် ထား တဲ့ အ ခေါက် သိတယ် မဟုတ် လား .. အေး အဲ ဒီ အခေါက် ကို ပဲ Check အဖြစ် သတ် မှတ် လိုက် ကွာ .... ဖေါင် တွေ ဖြည့် လိုက် ....ပြီးရင် လက်မှတ် ထိုး ပေး မယ် ....ပြီး ရင် ဒီ နေ့ ပဲ ပူထရာ ဂျာ ယား ကို သွား ပြီး တင် ပေ တော့ "
    
        ဆိုလာသဖြင့် ကျွန် တော် လည်း ပူ ထရာ ဂျာ ရား ကို ချက် ချင်း သွား တင် လိုက် ပါ တော့ တယ်။ ကျွန် တော် တို့ ဂျဟိုး ဘာ ရူး က နေ ကွာလာလမ်ပူ ကို   ၄ နာရီ လောက် ကား စီး ရ ပါ တယ်၊ ဂျဟိုး ဘာရူး ဆို တာ က တော့ မလေးရှားရဲ့ တောင်ဖက် အစွန် ဆုံး မြို့ ပါ၊ စင်ကာပူ နဲ့ က တံတား တစ် စင်း စာ ပဲ ဝေး ပါ တယ်။ ကွာလာ လမ်ပူ က နေ ပူထရာ ဂျာ ရား ကို တော့  KL Transit ဆို တဲ့ ရ ထား စီး သွား ရပါ တယ်။ ဒီလို နဲ့ ပဲ    မ လေး CPL လိုင်စင် လေး ရ ခဲ့ ပါ တယ်။

လိုင် စင် တွေ အ ကြောင်း ၃

-- လိုင်စင် ကွန်ဗါ့ လုပ် တဲ့ အ ကြောင်း က စ ပြော မ လို့ ပါ ပဲ ၊ ဒါ ပေမဲ့ ဒီဟာ မျိုး က လဲ ဒီ အ လုပ် မျိုး လုပ် တဲ့ လူ ပဲ အကျွမ်း တ ၀င် ဖြစ် တာ မို့ လို့ နား လည် အောင် ပြော ဖို့ ဆို ရင် ဒီ ဟာ နဲ့ ပတ် သက် တဲ့ အ ခြေခံ ဗဟု သု တ လေး တွေ ကို ရေး နေ တာ ပါ ၊  ဒီ တ ခါ တော့ မြေ ပြင် စာ မေး ပွဲ တွေ အ ကြောင်း နဲနဲ ပြော ပြ ပါ့ မယ်။ GS လို့ လဲ ခေါ်ပါ တယ် ၊ Ground School ပေါ့ ၊ I C A O က သတ် မှတ် ချက် က တော့ တ ပြေး ညီ ပါ ဘဲ ၊ PPL ဆို ရင် ဘာ တွေ အောင် ရမယ် ၊ CPL /IR ဆိုရင် ဘာ တွေ အောင်ရ မယ်၊ ATPL ဆို ရင် ဘာ တွေ အောင် ပြီး ဖြစ် ရ မယ် စ သည် ဖြင့် ပေါ့။ ဒါ ပေမဲ့ နိုင်ငံ အသီး သီး အ လိုက် လုပ် နည်း လုပ် ဟန် လေး တွေ တော့ နဲနဲ စီ ကွဲ ပါ တယ်။ ပထမ ဆုံး စ ပြော ရ ရင် တော့ အမေရိကား ပေါ့ ၊ ကျွန် တော် တို့ ရဲ့ လေကြောင်းဦးစီး ဌာန....     DCA .. လို ဟာ မျိုး ကို သူ တို့ က တော့ FAA ခေါ် ပါ တယ် ၊ Federal Aviation Administration .. ပေါ့ .. ပြည် ထောင်စု လေ ကြောင်း အုပ် ချုပ် ရေး ပေါ့ ၊  ဒါ ကြောင့် FAA ကထုပ် ပေး တဲ့ လိုင်စင် များ သည် FAA အောက် မှာ မှတ်ပုံ တင် ထား တဲ့ လေ ယဉ် များ မောင်း လို့ ရ ပါ တယ် ၊အဲ ဒီ လေ ယဉ် တွေ ရဲ့ နံပါတ် တွေ ယာ .. N ..နဲ့ စပါ တယ် ၊ အမေရိကန် မှတ် ပုံ တင် ထား တဲ့ လေ ယဉ် များ ကို  November Registration Aircraft .. လို့ လဲ ခေါ် ပါ တယ် ။ ဒါက အမေရိကား အတွက်ပါ၊ ဒါပေမဲ့ ..တချို့ နိုင်ငံ များ ရဲ့ လေကြောင်း ဦးစီး ဌာ န တွေဟာ ..ATPL လိုင်စင် အတွက် စာ မေးပွဲ ကို ကိုယ် တိုင် မစစ်ပါ ဘူး၊ FAA Standard လုပ် မယ် ဟေ့ ဆိုပြီး FAA ATPL စာ မေး ပွဲကို သာ ဖြေ ဆို စေ ပါ တယ်၊ အောင် ရင် လိုင် စင် ထုပ် ပေး လို့ ရ ပါ တယ်၊ အကျိုး ကျေး ဇူး က တော့ ဈေးကွက် သဘောအ ရ Vision ကိုမြင့် စေ ပါ တယ် ၊ နောက်ပြီး စတန်းဒတ် တခု ကို လဲ ထိမ်း ပြီး သား ဖြစ်မယ် ၊မှတ် ပုံတင် နိုင်ငံ မတူ တဲ့ လေ ယဉ် ကို မောင်း မယ်.. အဲဒီ နိုင်ငံ က လဲ FAA သုံး တဲ့ နိုင် ငံ ဖြစ် မယ် ဆို ရင် လိုင်စင်  လဲ လှယ် ကိုင် ဆောင် ဘို့ အ တွက် ဘာသာ ရပ် အား လုံး ပြန် ဖြေစရာ မ လို တော့ ပါ ဘူး၊ Air Law လို့ ခေါ် တဲ့ လေ ကြောင်း ဥ ပ ဒေ တစ်ဘာ သာ ဖြေ ရင် ပြီး ပါ တယ်၊ ကျန် တာ တွေ က အား လုံး အောင် ပြီး သား လေ။
-- နောက် တစ်ခု က CAA ပါ ၊ ယူကေ နိုင်ငံ က တော့ လေ ကြောင်း ဦး စီး လို ဌာ န မျိုး ကို CAA လို့ ခေါ် ပါ တယ်၊ Civil Aviation Administration ပေါ့ ၊ မြိုပြ လေ ကြောင်း အုပ်ချုပ် ရေး ဌာ န ပေါ့ ။ သူ က တော့ လေ ကြောင်း လော က ရဲ့ စာ မေးပွဲ လော က မှာ အစွာဆုံး ပါ ဘဲ..UK CAA ကို လက်ခံ အသုံး ပြု တဲ့ နိုင်ငံ က တော့ ကမ္ဘာ မှာ အများ ဆုံး ပါ ပဲ၊ တချိန် တုံး က ကို လို နီ နယ် တွေ အများ ကြီး ပိုင်ခဲ့ တာ လဲ ပါ တာပေါ့၊ လက်ရှိ ကို .. ဗြိတိသျှ ဓန သဟာယ အဖွဲ့ ၀င် နိုင်ငံ တွေ အများ ကြီး ရှိ နေ သေး တာ လဲ ပါ တာ ပေါ့၊ အရေး အကြီး ဆုံး အချက် က စာ မေးပွဲ စစ် ခြင်း နဲ့ စတန်းဒါတ် တစ်ခု ကို သေ သေ ချာ ချာ ထိမ်း ထား ပေး နိုင် ခြင်း ဆို တဲ့ အချက် ကြောင့် ပါ ပဲ။ ဒါ ကြောင့် မလေးရှား ကော စင်ကာပူ ကော UKCAA သုံး ပါ တယ်၊ တချိန် တုန်း က မြန် မာ လဲ UKCAA သုံး ခဲ့ ဘူး ပါ တယ်။
-- အခု မလေး ရှား  လိုင် စင် အတွက် စာ မေး ပွဲ အဆင့် ဆင့် ကို ဆက် ပြော ပါ့ မယ် - - -
၁)ပထမ ဦး ဆုံး SPL အတွက် .. ဘာ စာ မေး ပွဲ မှ မလို ပါ ၊ ဆေး အောင် ရ မယ် (Medi Cat 2) ၊လုံခြုံ ရေး က လီး ယား ဖြစ်ရ မယ်။
၂) ဒုတိယ PPL အတွက် ကျောင်းစစ် PPL စာ မေးပွဲ ၆ ဘာ သာ အောင် ရ မယ်  DCA Test  ၆ ဘာ သာ အောင် ရ မယ် ( DCAT .. ဒီကက် လို့ ခေါ် ပါ တယ် ) ။
၃)တတိယ အ နေ နဲ့ CPL အတွက်.ကျောင်းစစ် ၆ ဘာ သာ အောင် ရ မယ်  UK CAA က ၂ ဘာ သာ အောင် ရ မယ်။
၎) နောက် ဆုံး Frozen ATPL အ တွက် ကျောင်း စစ် ၆ ဘာ သာ အောင် ရ မယ် UK CAA ၆ ဘာ သာ အောင် ရ ပါ မယ်။

လိုင်စင် ရ ယူ ဖို့ အ တွက် က တော့ ပထမ ပြော ခဲ့ တဲ့ ပျံ သန်း ရေး ကိစ္စ တွေ နဲ့ အခု ပြော တဲ့ G S တွေ ကို ပေါင်း လိုက် ရ မှာ ဖြစ်ပါ တယ်။

လိုင် စင် တွေ အကြောင်း ၂ .....

-- အဲ . PPL ရ ပြီ ဆို ရင် တော့ .. Option လေး က ၃ ခု ရှိ လာ ပြီ.. PPL နဲ့ ပဲ ရပ် ထား အုံး မလား .... CPL  ကို ဆက် တက် မလား ... ဒါမှမဟုတ် .. CPL / IR ကို ဆက် တက် မှာ လား ..။ အဲ ဒီ မှာ လဲ တချို့ က ငွေ ကြေး အ ခြေ အနေ အရ PPL မှာ တင် ရပ် ထား ပြီး ... Private လေယဉ် လေး တွေ ငှား ပြီး ပုံ မှန် ပျံ သန်း ရေး လုပ် ...တဖက် က လည်း စီး ပွား ရေး တစ်ခုခု ဆက် လုပ် .. ဒါမှ မ ဟုတ် စပွန်ဆာ ရှာ တဲ့ လူ က ရှာ ပေါ့ ......ငွေ ကြေး စု မိ ဆောင်း မိ ပြီ ဆို မှ .. ရှေ့ တဆင့် ဆက် တက် မယ် ဆို တဲ့ လူ မျိုး လဲ ရှိ သလို  ကိုယ် ပိုင် လေ ယဉ် ဘဲ မောင်း မှာ မို့ လို့ မ လို တော့ လို့ ဆက် မ တက် တော့ တဲ့ လူ မျိုး လဲ ရှိပါ တယ် .။ ဆက် တက် မဲ့ လူ တွေ က လည်း . CPL သက် သက် ဘဲ ဆို ရင် ..စုစု ပေါင်း နာ ရီ .. ၁၇၀ ရှိ ရ မှာ မို့ လို့ .. ၁၂၀ နာရီ လောက် ဆက် တက် ရ မှာ ပါ ။ အ ကယ် ၍ တခါ တည်း အဲလိုင်း အ လုပ် လျောက် လို့ ရ အောင်  CPL/ IR  အထိ တက် မယ် ဆို တဲ့ မောင် တွေ က တော့ .စက် တစ် လုံး တပ် လေ ယဉ် ၁၂၀ နာ ရီ နဲ့ .. စက် ၂ လုံး တပ် လေ ယဉ် .. ၃၀ နာရီ ..ပေါင်း ၁၅၀ လောက် ဆက် တက် ရ မှာ ပါ ။ အဲဒါ က လည်း ပျံ သန်း ရေး သက်သက် ကို ပြော တာ ပါ ။ အခြား မြေ ပြင် ဘာ သာ ရပ် တွေ လည်း သတ် မှတ် ချက် အ တိုင်း သင် ကြား ဖြေဆို နေ ရ အောင် မြင် ရ မှာ ပါ ။ IR ဆို တာ က တော့ Instrument Rating ပါ ။ ချိန် ခွက် ဖြင့် ပျံ သန်း ခွင့် ပြု တဲ့ သတ်မှတ် ချက် ပါ ။

-- နောက် တစ် မျိုး က တော့ Frozen ATPL ပါ ။ သဘော က တော့ မြေပြင် ဘာ သာ ရပ် ပိုင်း ဖြေဆို အောင် မြင် မှု အာ ဖြင့် .ATPL အထိ အောင် ပြီး ပြီ ၊ ပျံသန်း ရေး အား ဖြင့်  CPL / IR အထိ ပြီး ပြီ ဆို တဲ့ အဓိပ္ပါယ် ပါ။ အဲဒီ မောင် တွေ အ တွက် က တော့ လုပ် ငန်း ခွင် ထဲ ရောက် မှ နာရီ ၁၅၀၀ ပြည့် ပြီး ၊ အလေးချိန် ကီလို ၅၇၀၀ အ ထက် လေယဉ် ကို မောင်း ပြီး ဖြစ်တာ နဲ့ ATPL တခါ တည်း လျောက် ထား လို့ ရ သွား ပါတယ် ။ ATPL အတွက် စာ မေးပွဲ ထပ် ဖြေစရာ မလို တော့ ပါ ဘူး။ကျွန် တော် နည်းပြ လေယဉ် မှူး လုပ် နေ တဲ့ ကျောင်း က တော့ .. Frozen ATPL အထိ တက် လို့ ရ ပါ တယ်။

-- ဆိုခဲ့ တာ တွေ က တော့ အကြမ်း ဖျင်း သဘော ဆန် တဲ့ လိုင် စင် ဆိုင် ရာ အချက် က လေး တွေ ပါ ။ အခြား Endorsement .. အန် ဒေါစ် မန့်   လို့ ခေါ် တဲ့ ၊ ထပ် ထဲ့ပေး ရ တဲ့ ဟာ လေး တွေ လည်း ရှိ ပါ သေး တယ် ။ အဲဒါ တွေ က တော့ လေယဉ်မှူး .အဖြစ် (.သို့) ဒု လေယဉ် မှူး အဖြစ် .. ဘယ် လေယဉ် ဘယ် လေယဉ် တွေမှာ မောင်း ခွင့် ရှိ တယ် ..လက် ထောက် နည်း ပြ အဖြစ် .(သို့) နည်းပြ အ ဖြစ် ဘယ် လေယဉ် ဘယ် လေယဉ် တွေ မှာ မောင်း ခွင့် ရှိ တယ် ..အဲ ဒါ တွေ ရဲ့ သက် တမ်း တွေ က ဘယ် ရက် ဘယ် နေ့ မှာ ကုန် မယ် ..။ ဆေး စစ် ထား တဲ့ ရက် စွဲ နဲ့ ဘယ် တော့ သက် တမ်း ကုန် ပြီး ထပ် စစ် ရ မယ် ။ လေကြာင်း ဆိုင် ရာ အင်္ဂလိပ် စာ အောင် ထား တဲ့ အဆင့် က ၄ လား ၅ လား ၆ လား ။ သက် တမ်း ဘယ် တော့ ကုန် မ လဲ .. ဘယ် အချိန် မ တိုင်မှီ ထပ် ဖြေရ မလဲ ။ အဲဒီ လေကြောင်း အင်္ဂလိပ် စာ က တော့ ..အဆင့် ၁ တို့ ၂ တို့ ၃ တို့ ဆို ရင် လိုင် စင် ထုပ် ယူ ခွင့် ကို မ ရှိ တာ ပါ ။ ဒါ အပြင် ရေဒီပယို အော် ပ ရေ တာ လိုင်စင် ပါ ရ ပါ သေး တယ်။ နောက် ပြီး ချိန်ခွက် ပျံသန်း ခွင့် လက် မှတ် နဲ့ နောက် ဆုံး စစ် ဆေး ထား တဲ့ ရက် စွဲ ..ဘယ် တော့ သက် တမ်းကုန် ပြီး ထပ် စစ် ရ မယ် ဆို တာ တွေ ပါ ပါ တယ် ။

လိုင် စင် တွေ ........

မ လေး ရှား မှာနည်းပြ လေယဉ် မှူး အဖြစ်  ... လုပ် မယ် ဆို ပြီး ထွက်  လာ တော့ ... နံပါတ် တစ် အလုပ် က လိုင် စင် ကို ကွန် ဗါ့ တ် လုပ် ဖို့ လို ပါ တယ် ... လိုင်စဉ် ကွန် ဗါ့ တ်အ ကြောင်း မ စ ခင် ...... လိုင်စင် အ ကြောင်း လေး တွေ ..အနည်း ငယ် ပြော ပါ ရ စေ ..လေ ယဉ် မောင်း လိုင် စင် တွေ ကို ..အစဉ် လိုက် ပြော ပြ ရ ရင် ..
၁) ကျောင်းသား လိုင်စင် .. ( Student Pilot License )  အတို ပြော ရင် .. SPL .. ပေါ့ ..
၂) ကိုယ်ပိုင် လေယဉ် မောင်း လိုင် စင် .. ( Private Pilot License ) .. PPL ပေါ့ ...
၃) စီးပွား ရေး အလို့ ငှာ မောင်း နှင် ခွင့် ရှိ တဲ့ လိုင် စင် ( Commercial Pilot License ) CPL .. ပေါ့ ..
၎) အဲလိုင်း လေယဉ် ကြီး တွေ မှာ .. ကပ္ပတိန် အ ဖြစ် မောင်း ခွင့် ရှိ တဲ့ လိုင် စင် ( Airline Transport Pilot License)... ATPL ... ပေါ့ ...
အဲ ဒီ တော့ ... လေယာဉ် မှူး ဖြစ် လို သူ တွေ က အဲ ဒီ အ တိုင်း အစဉ် လိုက် တက် သွား ဖို့ လို ပါ တယ် ...

မလေး ရှား အနေ နဲ့ ပဲ ဥပမာ ပေး ပါ မယ် .... ကျောင်း သား တစ် ယောက် ဟာ .. သူ တို့ အ ခေါ် ..Form 4 .. အောင် ပြီ ဆို တာ နဲ့ .. တက် ခွင့် ရှိပါ ပြီ ... Form 4 ဆို တာ က အ ကြမ်း ဖျင်း  ၁၂ တန်း လောက် ရှိ ပါ တယ် ..တက္ကသိုလ် ၀င် တန်း ပေါ့ .... မြန်မာ နိုင်ငံ က တက္ကသိုလ် ၀င် တန်း က သူငယ်တန်း ၁ နှစ် ထဲ့ ပေါင်း ရင် ... ၁၁ တန်း တက် ရ တဲ့ သ ဘော မျိုး ပေါ့ ...အ ရင် တုံး က တော့ .. သူငယ်တန်း လေး .. သူ ငယ် တန်းကြီး .. ၂ နှစ် ပါ တော့ ... ၁၂ တန်း တက် ရ တဲ့ သ ဘော မျိုး လဲ ရှိ ခဲ့ ဘူး ပါ တယ် .... အဲဒီ Form 4 အောင်ပြီး သား တွေ ဟာ .အသက် က လည်း ၁၈ နှစ် ပြည့် ပြီး ကြ ပါ ပြီ .။ အပြည် ပြည် ဆိုင် ရာ လေ ကြောင်း အ ဖွဲ့ ချုပ် ... ( International Civil Aviation Organization .. I C A O ... အိုင်ကေး အိုး ...) ရဲ့ ..သတ်မှတ် ချက် အရ ...SPL လျောက် ထား သူ ရဲ့ အ ငယ်ဆုံး အ သက် ဟာ  ၁၇ နှစ် ဖြစ် ပါ တယ် ..။ ဒီ တော့ မ လေး ရှား ရဲ့  လေ ကြောင်း ဦး စီး  ( Department of Civil Aviation .. D C A ) ..မှာ ..S P L .. လျောက် လို့ ရ ပါ ပြီ .။

-- S P L .. လျောက် ဖို့ လို အပ် တဲ့ အခြား စာ ရွက် စာ တမ်း တွေ လဲ ရှိပါ သေး တယ် ..အဲဒီ အ ထဲ က .. အ ရေး ကြီး တဲ့ စာ တစ် ခု က တော့ ...Security Clearance လို့ ခေါ် တဲ့ .. လုံခြုံ ရေး ဆိုင် ရာ ..ခွင့် ပြု ချက် စာ ပါ ..အဲ ဒီ စာ က တော့ ...ပြည်ထဲ ရေး ဌာ နက နေ ပေး ပါ တယ် ။ ပြီး ရင် D C A approved medical examiner ..လို့ ခေါ် တဲ့ .. D C A က ခွင့် ပြု သတ် မှတ် ထား တဲ့ . လေ ကြာင်း ဆရာ ၀န် တစ် ဦးဦး ဆီ မှာ ဆေး စစ် ခံယူ ရ ပါ တယ် ..။ ဆေး စစ် တဲ့ အခါ မှာ လဲ .. လိုင်စဉ် ရဲ့ လို အပ် ချက် ပေါ် မူတည် ပြီး  Cat 1 နဲ့ Cat 2 ဆိုပြီး ရှိပါ တယ် ..Cat ဆို တာ က Category ရဲ့ အတို ခေါက်ပါ ။ SPL အတွက် တော့ .. Cat 2 ဆို ရင် ရ ပါ တယ် ။  အဲ အား လုံး ပြီး ရင် တော့ .. မလေးရှား SPL ရပြီ ပေါ့။
 
-- SPL နဲ့ ဘာ တွေ လုပ် လို့ ရ လဲ ဆို ရင် ....
၁) နည်းပြ လေယာဉ် မှူး နဲ့ တွဲ ပြီး ..Dual Flight လို့ ခေါ်တဲ့ ..သင်ယူ ပျံ သန်း ရေး လုပ် လို့ ရ တယ် .
၂) နည်းပြ လေ ယာဉ် မှူး က စစ် ဆေး ပြီး ကြိုက် လို့ လွတ် ရင် .. Solo Flight လို့ ခေါ်တဲ့ .. ကိုယ် တိုင် လေယာဉ် မှူး အ ဖြစ် နဲ့ လေ ထဲ ပျံ တက် ခွင့် ရှိ ပါ တယ် ...
၃) သတ်မှတ် ပျံသန်းချိန် နာရီ( Dual 35 , Solo 15 ခန့်) နဲ့  သတ် မှတ် ထား တဲ့ စစ် ဆေး မှုတွေ အောင် ပြီ ဆို ရင် .. PPL လိုင် စဉ် ဆက် လျောက် ထား နိုင် ပါ ပြီ ..

Thursday, February 3, 2011

နိဒါန်း လေး ပေါ့ ......

ကောင်းကင် ပြာ နဲ့ မှတ်စု လေး များ ......ကိုယ် ဖာ သာ ပေး ထား ကြည့် တဲ့ ဘလော့ နာမည် လေး ပေါ့ .....အဓိက ကတော့ ... မှတ်စု မှတ် တမ်း လေး တွေ တင်ထား ချင့် လို့ ပါ .....စာ တို ပေ စ လေး တွေ ဖတ် တာ က တော့ ငယ်စဉ် က တည်း က ပါ ပဲ ....အဲ ဒီ က တည်း က သူ တို့ လို စာ ရေး တတ်သူ ..စာ ရေး သူ ......ဖြစ် ချင် နေ ပါ တယ် ...အ ခု ကြ တော့ အွန် လိုင်း ဆို တာ ကြီး နဲ့ တည့် တည့် တိုး မှ ပဲ .... လူ အ တော် များ များ ရေး နေ ကြ တာ တွေ ပါ တယ် .... အား လုံး လို လို အ ရည် အ ချင်း တွေ က မ သေး လှ ပါ ဘူး .....အဲ ဒါ နဲ့ ပဲ .. စ တင် လုပ် ကြ ည့် ဖို့ ဆုံး ဖြတ် ပြီး တင် ကြည့် တာ ပါ .....အမှား ပါ ရင် လဲ ပြင် ပေး ကြ ပါ ဗျား .....