Friday, February 4, 2011

လိုင် စင် တွေ ........

မ လေး ရှား မှာနည်းပြ လေယဉ် မှူး အဖြစ်  ... လုပ် မယ် ဆို ပြီး ထွက်  လာ တော့ ... နံပါတ် တစ် အလုပ် က လိုင် စင် ကို ကွန် ဗါ့ တ် လုပ် ဖို့ လို ပါ တယ် ... လိုင်စဉ် ကွန် ဗါ့ တ်အ ကြောင်း မ စ ခင် ...... လိုင်စင် အ ကြောင်း လေး တွေ ..အနည်း ငယ် ပြော ပါ ရ စေ ..လေ ယဉ် မောင်း လိုင် စင် တွေ ကို ..အစဉ် လိုက် ပြော ပြ ရ ရင် ..
၁) ကျောင်းသား လိုင်စင် .. ( Student Pilot License )  အတို ပြော ရင် .. SPL .. ပေါ့ ..
၂) ကိုယ်ပိုင် လေယဉ် မောင်း လိုင် စင် .. ( Private Pilot License ) .. PPL ပေါ့ ...
၃) စီးပွား ရေး အလို့ ငှာ မောင်း နှင် ခွင့် ရှိ တဲ့ လိုင် စင် ( Commercial Pilot License ) CPL .. ပေါ့ ..
၎) အဲလိုင်း လေယဉ် ကြီး တွေ မှာ .. ကပ္ပတိန် အ ဖြစ် မောင်း ခွင့် ရှိ တဲ့ လိုင် စင် ( Airline Transport Pilot License)... ATPL ... ပေါ့ ...
အဲ ဒီ တော့ ... လေယာဉ် မှူး ဖြစ် လို သူ တွေ က အဲ ဒီ အ တိုင်း အစဉ် လိုက် တက် သွား ဖို့ လို ပါ တယ် ...

မလေး ရှား အနေ နဲ့ ပဲ ဥပမာ ပေး ပါ မယ် .... ကျောင်း သား တစ် ယောက် ဟာ .. သူ တို့ အ ခေါ် ..Form 4 .. အောင် ပြီ ဆို တာ နဲ့ .. တက် ခွင့် ရှိပါ ပြီ ... Form 4 ဆို တာ က အ ကြမ်း ဖျင်း  ၁၂ တန်း လောက် ရှိ ပါ တယ် ..တက္ကသိုလ် ၀င် တန်း ပေါ့ .... မြန်မာ နိုင်ငံ က တက္ကသိုလ် ၀င် တန်း က သူငယ်တန်း ၁ နှစ် ထဲ့ ပေါင်း ရင် ... ၁၁ တန်း တက် ရ တဲ့ သ ဘော မျိုး ပေါ့ ...အ ရင် တုံး က တော့ .. သူငယ်တန်း လေး .. သူ ငယ် တန်းကြီး .. ၂ နှစ် ပါ တော့ ... ၁၂ တန်း တက် ရ တဲ့ သ ဘော မျိုး လဲ ရှိ ခဲ့ ဘူး ပါ တယ် .... အဲဒီ Form 4 အောင်ပြီး သား တွေ ဟာ .အသက် က လည်း ၁၈ နှစ် ပြည့် ပြီး ကြ ပါ ပြီ .။ အပြည် ပြည် ဆိုင် ရာ လေ ကြောင်း အ ဖွဲ့ ချုပ် ... ( International Civil Aviation Organization .. I C A O ... အိုင်ကေး အိုး ...) ရဲ့ ..သတ်မှတ် ချက် အရ ...SPL လျောက် ထား သူ ရဲ့ အ ငယ်ဆုံး အ သက် ဟာ  ၁၇ နှစ် ဖြစ် ပါ တယ် ..။ ဒီ တော့ မ လေး ရှား ရဲ့  လေ ကြောင်း ဦး စီး  ( Department of Civil Aviation .. D C A ) ..မှာ ..S P L .. လျောက် လို့ ရ ပါ ပြီ .။

-- S P L .. လျောက် ဖို့ လို အပ် တဲ့ အခြား စာ ရွက် စာ တမ်း တွေ လဲ ရှိပါ သေး တယ် ..အဲဒီ အ ထဲ က .. အ ရေး ကြီး တဲ့ စာ တစ် ခု က တော့ ...Security Clearance လို့ ခေါ် တဲ့ .. လုံခြုံ ရေး ဆိုင် ရာ ..ခွင့် ပြု ချက် စာ ပါ ..အဲ ဒီ စာ က တော့ ...ပြည်ထဲ ရေး ဌာ နက နေ ပေး ပါ တယ် ။ ပြီး ရင် D C A approved medical examiner ..လို့ ခေါ် တဲ့ .. D C A က ခွင့် ပြု သတ် မှတ် ထား တဲ့ . လေ ကြာင်း ဆရာ ၀န် တစ် ဦးဦး ဆီ မှာ ဆေး စစ် ခံယူ ရ ပါ တယ် ..။ ဆေး စစ် တဲ့ အခါ မှာ လဲ .. လိုင်စဉ် ရဲ့ လို အပ် ချက် ပေါ် မူတည် ပြီး  Cat 1 နဲ့ Cat 2 ဆိုပြီး ရှိပါ တယ် ..Cat ဆို တာ က Category ရဲ့ အတို ခေါက်ပါ ။ SPL အတွက် တော့ .. Cat 2 ဆို ရင် ရ ပါ တယ် ။  အဲ အား လုံး ပြီး ရင် တော့ .. မလေးရှား SPL ရပြီ ပေါ့။
 
-- SPL နဲ့ ဘာ တွေ လုပ် လို့ ရ လဲ ဆို ရင် ....
၁) နည်းပြ လေယာဉ် မှူး နဲ့ တွဲ ပြီး ..Dual Flight လို့ ခေါ်တဲ့ ..သင်ယူ ပျံ သန်း ရေး လုပ် လို့ ရ တယ် .
၂) နည်းပြ လေ ယာဉ် မှူး က စစ် ဆေး ပြီး ကြိုက် လို့ လွတ် ရင် .. Solo Flight လို့ ခေါ်တဲ့ .. ကိုယ် တိုင် လေယာဉ် မှူး အ ဖြစ် နဲ့ လေ ထဲ ပျံ တက် ခွင့် ရှိ ပါ တယ် ...
၃) သတ်မှတ် ပျံသန်းချိန် နာရီ( Dual 35 , Solo 15 ခန့်) နဲ့  သတ် မှတ် ထား တဲ့ စစ် ဆေး မှုတွေ အောင် ပြီ ဆို ရင် .. PPL လိုင် စဉ် ဆက် လျောက် ထား နိုင် ပါ ပြီ ..

2 comments:

  1. အိမ်ကသားသားအတွက်..ခုကတည်းကလေ့လာထားတာလေ...အချိန်ပေးပြီးအတွေ့အကြုံတွေရှယ်တဲ့အတွက်..ရှဲရှဲပါ

    ReplyDelete
  2. This is nice post.All this post is interesting and lovely . I like this all content. Thank,s to the writer for writing this post.
    Pilot license

    ReplyDelete