Wednesday, February 16, 2011

ဆိုလို ကတ် ဆိုလို ဘာ့သ် နဲ့ ဆိုလို မုန့် ဟင်း ခါး

လေယာဉ် မှုး တွေ ရဲ့ ဘ၀ မှာ မ မေ့ စ ကောင်း တဲ့ ရက် တ ရက် ရှိပါ တယ်။ အဲဒါ က တော့ လေယာဉ် ကို ပထမ ဦး ဆုံး တစ် ဦး တည်း မောင်း နှင် ခြင်း လို ခေါ် တဲ့  First  Solo  ပျံ သန်း ခဲ့ တဲ့ ရက် ပါ ဘဲ။ ဘယ် လောက် ပဲ ၀ါ ရင့် သဘာ ရင့် ကြီး ပဲ ဖြစ် နေ ဖြစ် နေ မိမိ ရဲ့  ပျံသန်း မှု မှတ် တမ်း စာ အုပ် ( Log Book)   မှာ ပထမ ဆုံး  P1/ Solo   နာရီ စ တင် ရေး သွင်း ခဲ့ တဲ့  Flight  ဖြစ် လို့  သူသူ ကိုယ် ကိုယ် အမြဲ အ မှတ် ရ နေ ရ မယ့် Flight  လေး ပါ။ P1/Solo  ဆို တာ က တော့  Log Book   ထဲ မှာ ပါ တဲ့  ဦးစီး လေယာဉ် မှုး အဖြစ် နဲ့ ပျံ သန်း တဲ့ နာ ရီ ကို ထည့် သွင်း ရ တဲ့ အ ကွက် လေး ပါ။  Dual   လို့ ခေါ် တဲ့ နည်းပြ ဆရာ နဲ့ ပူး တွဲ ပျံသန်း ထား တဲ့ နာရီ  ၁၅  နာ ရီ ၁၆ နာ ရီ ၀င်း ကျင် ရောက် ပြီ ဆို ရင် နည်းပြ ဆရာ က  First Solo  လွှတ် ဖို့ အ တွက် ချောင်း နေ ပါ ပြီ။ ကျောင်း သား ရဲ့ လက်ရည် လက် သွေး က လဲ တက် လာ၊ ရာသီ ဥ တု အခြေ အ နေ နဲ့ လေ တိုက် နှုံး က လဲ အခြေအနေ ပေး လာ ၊ ဆို ရင် တော့  နည်းပြ ဆရာ က ကျောင်း သား ကို   " မင်း Solo  သွား တော့ "   ဆို ပြီး  လွှတ် လိုက် ကြ တတ် ပါ တယ်။    First  Solo  ဆို တာ က အဝေး ကြီး ပျံ ရ တာ မဟုတ်ပါ ဘူး ကွင်း က နေ တက် ပြီး  Circuit Pattern  လို့ ခေါ် တဲ့ လမ်း ကြောင်း အတိုင်း တစ်ပတ် ပတ် ပြီး ပြန် ဆင်း ရ တာ ပါ။ ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် ပဲ ကြာ ပါ တယ်။ ဒါ ပေမဲ့ ကျောင်း သား ကော ဆရာ ကော အထူး သတိ ထား ကြ ရ ပါ တယ်။ အထူး သဖြင့် ကျောင်း သား အတွက်  Stress  လို့ ခေါ် တဲ့ ဖိစီး မှု ဒဏ် ကို တော် တော် ခံ ရပါ တယ်။ အရမ်း လဲ စိတ် လှုပ် ရှား နေ တတ် ကြပါ တယ်။ မအောင် မြင် ခဲ့ ရင် တော့ ဘ၀ ရဲ့ ရည် မှန်း ချက် ကြီး ဘုန်း ဘုန်း လဲ သွား တော့ မှာ ပါ။ ဒီ ၁၅ မိနစ် ဆို တဲ့  အ ထစ် လေး ကို  အောင် မြင် စွာ ကျော် လွား နိုင် ခဲ့ ရင် တော့   အဲဒီ မောင် ရဲ့  Pilot   ဘ၀ စ တင် ပြီ လို့ လဲ ဆို နိုင်ပါ တယ်။
                              First Solo  ပြန်ဆင်း လာ သူ အား  Solo Cut  လုပ် နေပုံ
ဆိုလို ကတ် ( Solo Cut )

ဒါ ကြောင့် မို့ လို့ လဲ   First Solo   ကနေ အောင်အောင် မြင်မြင် ပြန် ဆင်း လာ နိုင် တဲ့ ကျောင်း သား ကို ၀ိုင်း ၀န်း ပြီး ဖက် လဲ တကင်း ဂုဏ်ပြု တတ် ကြ ပါ တယ်။ ဂုဏ်ပြု နည်း တွေ ထဲ က တစ် ခု က တော့   Solo Cut   ဆို တာပါ ပဲ။ ကျောင်းသား ပြန် ဆင်း လာ ပြီ ဆို တာ နဲ့ နည်းပြ ဆရာ က ကတ် ကျေး ကိုင် ပြီး စောင့် နေပါ ပြီ။ ကျောင်း သား ရောက် လာ တာ နဲ့   Congratulation!     အော် ပြီး   Solo  ပျံခဲ့ တဲ့ ကျောင်းသား ရဲ့    Shirt Tail   လို့ ခေါ် တဲ့  ရှပ် အင်္ကျီ နောက် ပိုင်း ကိုကတ် ကျေး နဲ့ ညှပ် ထုတ် ပစ် တော့ တာ ပါ ပဲ။ ပြီး မှ  Shirt Tail Cut   လို့ ခေါ် တဲ့ အဲဒီ အင်္ကျီ ဖြတ် စ ပေါ် မှာ ရက်စွဲ ရေး တာ တို့ ၊ ပုံ ဆွဲ တာ တို့ ၊ အမှတ် တ ရ လက် မှတ် ထိုး တာ တို့ လုပ် ကြ ပါ တယ်။ ပြီး တော့ အဲ ဒီ အင်္ကျီ ဖြတ် စ လေး ကို ဘ၀ တ သက် စာ အမှတ် တရ အဖြစ် သိမ်း ဆည်း ကြ ပါ တယ်။ ကျော ကုန်း ပိုင်း မရှိ တော့ တဲ့ အင်္ကျီ ကို လည်း မိမိ နှစ် သက် ရာ ဒီဆိုင်း ပါ တဲ့ ပိတ် စ တို့ ၊ တံဆိပ် တို့ တွေ နဲ့ လှ လှ ပပ ပုံ ဖေါ် ပြီး ပြန် ချုပ် ကြ ပါ တယ်။ အဲဒီ လို ကျော ပြင် ကြီး တစ် ခု လုံး မှာ တံ ဆိပ် တွေ နဲ့ ပုံ ဖေါ် ထား တဲ့ အင်္ကျီ ကို လည်း    First Solo   အမှတ် တရ အ ဖြစ် အမြတ် တ နိုး ထား ပြီး တသက် လုံး ၀တ် သွား တတ် ကြ ပါ တယ်။


                                    Solo Cut  စတိုင် ချုပ် ထား သော Fly Jacket  များ
ဒီ  Solo Cut  ထုံး စံ  ဖြစ် လာ ရ တဲ့ သမိုင်း လေး က တော့ ဒီ လိုပါ - ဟိုး လွန် ခဲ့ တဲ့ နှစ် ပေါင်း များ စွာ ၊ လေ ယာဉ် ပေါ် ကာ စ အ ချိန် ကတည်း က အနောက် နိုင် ငံ တွေ ဖက် က စ ခဲ့ တာပါ။ အဲ ဒီ တုံး က အ မောင်း သင် လေ ယာဉ် တွေ ဟာ   Tandem Seat   လို့ ခေါ် တဲ့ လေယာဉ် မှူး  ၂  ဦး  ရှေ့ နောက်  ထိုင် ရ တဲ့ တောင် ၂ ထပ် လေယာဉ် တွေ ပါ။ (အခု ခေတ် မှာ တော့   Side by Side  လို့ ခေါ် တဲ့  လေယာဉ် မှူး  ၂  ဦး  ဘေး ချင်း ယှဉ် ပြီး  ထိုင် ရ တဲ့ အ မောင်း သင် လေ ယာဉ်  တွေ ပို အသုံး များ လာ ပါ တယ်)။ ကျောင်း သား က ရှေ့ ခုံ မှာ ထိုင် ပြီး ဆရာ က နောက် ခုံ မှာ ထိုင် ပြီး ပျံ သန်း ကြ ပါ တယ်။ အဲ ဒီ တုံး က ရေ ဒီ ယို ဆက် သွယ် ရေး စံနစ် တွေ က လည်း မကောင်း လှ သေး ပါ ဘူး။  Intercom   လို့ ခေါ် တဲ့  ဆရာ နဲ့ တပည့် လေ ထဲ မှာ စကား ပြော တဲ့ ရေ ဒီ ယို စံနစ် က လည်း မ ရှိ သေး ပါ ဘူး။ ကျောင်း သား ကို ဆရာ က တစ် ခုခု ပြော ချင် ပြီ ဆို ရင် နောက် ခုံ က နေ ပြီး တော့ ရှေ့ ခုံ မှာ ထိုင် နေ တဲ့ ကျောင်း သား ရဲ့ အင်္ကျီ စ ကို လှမ်း လှမ်း ဆွဲ ပြီး ပြော ရ ပါ တယ်။ ဥပမာ အား ဖြင့် "  ဘယ် ကွေ့ လိုက် တော့ "       " စက် အား နဲ နဲ လျော့ လိုက်"     " လေယာဉ် ဦး ခေါင်း ကို နဲ နဲ နှိမ့် ပေး ထား"    အစ ရှိ တဲ့ သင်ကြား မှု စကား တွေ ပါ။


ဒီ လို သင် ကြား ရင်း နဲ့ ပဲ  ကျောင်း သား က   Circuit Pattern     တစ် ပတ် ကို သူ့ ဖာ သာ သူမောင်း နိုင် ပြီ ၊ ဆရာ က လဲ ကြိုက် ပြီ ၊ စိတ် လဲ စိတ် ချ ရ ပြီ ဆိုတာနဲ့    First Solo   လွတ် လိုက်တော့ တာ ပါ ပဲ။ ဆရာ က အောက် ဆင်း နေ ခဲ့ ပြီး   " မင်း ဆို လို သွား တော့ " ဆို ပြီး လွတ် လိုက် တာ ပါ။ ဆို လို   Flight   က နေ ပြန် ဆင်း လာ တာ နဲ့    " မင်း လေ ယာဉ် မောင်း တတ် သွား ပြီ ၊ မင်း ရဲ့ အင်္ကျီ စ ကို ဆွဲ ဖို့ မ လို တော့ ဘူး "     ဆို တဲ့ အ ဓိပ္ပါယ် နဲ့    Shirt Tail   ကို ဖြတ် ထုပ် ပစ် လိုက် တာပါ။ အခု ခေတ် မှာ တော့ အင်္ကျီ အ ကောင်း ကြီး တွေ ကို မ သုံး ပဲ တီ ရှပ် လို အင်္ကျီ မျိုး တွေ ကို    Solo Cut   လုပ် တာ များ ပါ တယ်။ နောက် တစ် ခု ခေတ် စား တာ က တော့     Fly Jacket    လို့ ခေါ် တဲ့ အင်္ကျီ မျိုး တွေ မှာ   Solo Cut   လုပ် ထား လို့ တံ ဆိပ် တွေ ဒီ ဆိုင်းလှ လှ လေး တွေ ပြန် ဆင် ထား ရ တဲ့ ဖက် ရှင် မျိုး ကို  လည်း လူ အ တော် များများ နှစ် ချိုက်  ကြ ပါ တယ် ။ အဲ ဒီ လို လုပ် ထား တဲ့   Ready Made  အင်္ကျီ တွေ လဲ ဈေး ကွက် ထဲ မှာ ရောင်း ကြ ပါ တယ်။

ဆိုလို ဘာ့သ် ( Solo Bath )

နောက် ထပ် ခေတ် စား တဲ့ ထုံး စံ တခု က တော့ ဆို လို ဘာ့သ် ပါ ပဲ ။ ဆိုလို ပြန် ဆင်း လာ တဲ့ ကျောင်း သား ကို ရေ ၀ိုင်း ချိုး ပေး ကြ တဲ့ သဘော ပါ။ ဆို လို ပြန် ဆင်း လာ တာ နဲ့ အသင့် စောင့် နေ တဲ့ ဆရာ နဲ့ ကျောင်း သား တွေ က   Congratulation!   လို့ ၀ိုင်း အော် ပြီး ရေ၀ိုင်း လောင်း ကြ တာ ပါ။ တချို့ က တော့ ရေ သန့် သန့် နဲ့ လောင်း ကြ ပါ တယ်။ ဆပ်ပြာ ရည် နဲ့ လောင်း တဲ့ လူ လဲ ရှိပါ တယ်။  နောက် ပြောင် ကျီ စယ် လို တဲ့ ပြော မနာ ဆို မနာ သူ ငယ် ချင်း တွေ က တော့ ရွှံ့ စေး ရည် တွေ နဲ့ လောင်း ကြ ပါ တယ်။ အဲ ဒီ လို ရွှံ့ စေး ရည် တွေ နဲ့ အ လောင်း ခံ လိုက် ရ ရင် တော့ ဒီ မောင် ၀တ် ထား တဲ့ ရှပ် အင်္ကျီ အဖြူ ဟာ ရွှံ့ ရည် တွေ နဲ့ ၀ါ ထိန် ညစ် ပတ် သွား ပါ တော့ တယ်။ ဘယ် လိုဘဲ ပြန် လျှော် ပြန်လျှော် နဂိုလ် လို ဖြူ ဖြူ ဖွေး ဖွေး လေး ပြန် မဖြစ် တော့ ပါ ဘူး။ ၀ါ တာတာ ညစ် ထေးထေး ဖြစ် သွား ပါ တော့ တယ်။ အဲဒီ အင်္ကျီ ကို ပဲ   First Solo   အမှတ် တရ အဖြစ် လျှော် ဖွတ် မီးပူ တိုက် ပြီး သိမ်း ဆည်း ထား လေ့ ရှိ ပါ တယ်။


                               ရွှံ့ရည် များ ဖြင့် ရုတ်ချည်း ၀င် ကာ ဆိုလို ဘာ့သ် လုပ် နေ စဉ်






                                        ရေသန့် ဗူး ဖြင့်  ဆိုလို ဘာ့သ် လုပ် နေစဉ်

                   ဆိုလို ဘာ့သ် လုပ် ထား သော ကျောင်း သား တစ် ဦး နဲ့ နည်းပြ ဆရာ တစ်ဦး



ဆိုလို ဘာ့သ် ရဲ့ သမိုင်း ကြောင်း လေး က လဲ အ နောက် နိုင်ငံ တွေ က လာ တာ ပါ ပဲ၊ အဆိုရှိ ကြ တာ က တော့ ဒီလို ပါ ၊   ကောင်း ကင် ပြင် ဆို တာ သာမာန် လူ သား တွေ ရဲ့ ပိုင် နက် မဟုတ် ပါ ဘူး၊ လေထဲပျံ တဲ့ ငှက် တွေ ၊ လေယာဉ် မှူး တွေ နဲ့  ကောင်း ကင် ကို ပိုင် စိုး ထား တဲ့ နတ်ဆိုး တွေ နတ် ကောင်း တွေ ရဲ့ ပိုင် နက် ပါ။   First Solo   သွား တယ် ဆို တာ  အဲဒီ နေ ရာ ကို လူ သစ် တစ် ယောက် ၀င် လာ တဲ့ သဘော ပါ ၊ Member  အသစ် တယောက် လာ တယ် ပေါ့၊ ဒါ ကို သဘော ထား ကောင်း တဲ့ နတ် ကောင်း နတ် မြတ် တွေ က ပြသနာ မ ပေး ကြ ပါ ဘူး ၊ ကြို ဆို ကြ ပါ တယ်၊ ဒါ ပေ မဲ့ သဘော ထား ဆိုး တဲ့ နတ် ဆိုး တွေ က တော့ ပြသနာ ပေး လာ နိုင်ပါ တယ်။ မ ကောင်း တဲ့ ဓါတ် တခုတခု နဲ့ ပြုစား လိုက် နိုင်ပါ တယ်။ အဲ ဒါ ကို ချေ ပတဲ့ အ နေ နဲ့   First Solo   ပြန် ဆင်း လာ သူ ကို ရေနဲ့ ၀ိုင်း လောင်း ကြ တာပါ။ ပူး ပါ လာ နိုင် တဲ့ မကောင်း တဲ့ ဓါတ် တွေ၊ မကောင်း တဲ့ ၀ိဥာဉ် တွေ ကို ဖယ်ရှား ဆေး ကြော ကြ တဲ့ သ ဘော ပါပဲ။ ချစ် စရာ ကောင်း တဲ့ ဓ လေ့ လေး တစ်ခု ပါ ပဲ။
တရုပ် တို့ ရဲ့  ဆို လို စီး က ရက်
တစ်ခါ တုံး က ကျွန် တော် တရုပ် ပြည် မှာ သွား ပြီး ပျံ သန်း ရေး လုပ် ခဲ့ ဘူး ပါ တယ်။ ၁၉၉၈ ၀န်းကျင် ခန့်ပါ။ သူ တို့ မှာ လဲ သူ တို့ ဓလေ့ ထုံး စံ နဲ့ သူ တို့ ပါ ပဲ။ စီးကရက် ယဉ် ကျေး မှု လို့ ဆို ရ မလို ပါ ပဲ။ တစ် ယောက် နဲ့ တစ် ယောက် ခင် တယ် မင် တယ် ပြ ချင် ရင် တောင် စီးက ရက် ဗူး လေး ဖွင့် ပြီး တစ်လိပ် ဆွဲ ထုပ် ပြီး ပေး တတ် ကြ ပါ တယ်။ ရိုးရိုး ပေး တာ မဟုတ် ပါ ဘူး။ တစ် ယောက် နဲ့ တစ် ယောက် ပစ် ပစ် ပြီး ပေး တာ ပါ။ အကြီး လား အ ငယ် လား ကြည့် မ နေ ပါ ဘူး။ ပစ် ပေး တာ ပါ ပဲ။ သူ တို့ ဆီ မှာ တော့ ဒါ ဟာ မ ရိုင်း ပါဘူး။ ခင် ကြောင်း မင် ကြောင်း ပြ တာ ပါ။ ကျွန် တော် တို့ မျက် စိ နဲ့ တော့ တမျိုး ကြီး ဖြစ် နေပါ တယ်။

လေ့ လာ မိ သလောက် ဆို ရင် သူ တို့ ဆီ က ဆိုလို ထုံး စံ လေး တွေ က ဒီ လို ပါ၊ Solo  ပြန် ဆင်း လာ တဲ့ ကျောင်း သား ဆို ရင် လည်း ပုခုံး တွေ ဘာ တွေ ပုတ် ပြီး " ကျား ယို ကျား ယို "  တို့ ဘာ တို့ ပြော တတ် ကြ ပါ တယ်။ ပြီး မှ   Solo   ပြန် ဆင်း လာ တဲ့ မောင် က သူ အိတ် ထဲ က နေ   စီးက ရက် ဗူး   ၂ ကာ တွန်း  ၃ ကာ တွန်း လောက် ဆွဲ ထုတ် လာ ပြီး တွေ့ သ မျှ အနီး အနား က လူ တွေ ကို တစ်ဗူး စီ တစ်ဗူး စီ  ပစ် ပေး တော့ တာ ပါ ပဲ။ ဆေး လိပ် သောက် တတ် တတ် မ သောက် တတ် တတ် ယူ ထား ကြ ပါ တယ်။ ဆေး လိပ် မ သောက် တဲ့ သူ က လဲ နောက် တော့ မှ သောက် တတ် သူ ကို ပြန် ပေး ပေါ့။ ဆို လို သွား တဲ့ ကျောင်း သား က လဲ မိမိ ဆို လို သွား ရ တော့ မဲ့ ရက် အ တော အ တွင်း မှာ က တည်း က ဆေး လိပ် တွေ ကို ကာတွန်း လိုက်  ၀ယ် ပြီး သူ့ အိတ် ထဲ မှာ ထဲ့ ထား ပြီး သား ပါ။ အဲ .. ဆို လို လဲ ရ ပြီ ၊ အောင် အောင် မြင် မြင် လဲ သွား ပြီး သွား ပြီ ဆို တော့ မှ ဆေး လိပ် အလှူ ကြီး ပေး ပြီး အောင် ပွဲ ခံ တဲ့ သ ဘော ပါ။ ရ တဲ့ လူ တွေ က လဲ .. "ရှဲရှဲ့ ... ရှဲရှဲ့ .."    နဲ့ ပါ ပဲ။


မြန်မာ တို့ ရဲ့ဆိုလို ကွမ်းယာ နဲ့ ဆို လို  မုန့်ဟင်း ခါး

ကျွန် တော် တို့ ငယ် စဉ် က၊ အရာ ရှိ ပေါက် စ ဘ၀ နဲ့ ပျံသန်း ရေး သင် တန်း တက် ခဲ့ တဲ့ မိတ္ထီလာ လေ တပ် မှာ လည်း သူ့ နည်း သူ ဟန် နဲ့   First Solo Tradition  လေး တွေ ရှိ ပါ တယ်။ မြန် မာ တို့ ရဲ့ ကွမ်းယာ တည် တဲ့ ယဉ် ကျေး မှု လို့ ဆို ရ မလို ပါ။ ယခု အ ချိန် အ ထိ လဲ ရှိ နေ ဆဲ ပါ။  အဲ ဒီ က ဆရာ ကြီး တော် တော် များ များ ဟာ ကွမ်း စား ကြ ပါ တယ်။ လေယာဉ် ရုံကြီး တွေ ထဲ မှာ ပြု ပြင် ထိန်းသိမ်း ရေး လုပ် နေ ကြ တဲ့  Maintenance Crew  တို့၊ ပျံသန်း ရေး အ တွက် လုပ် ပေး ကိုင် ပေး နေ ကြ တဲ့  Flight Line Crew   တို့ ၊ ဟာ အမြဲ တမ်း လို လို ကွမ်း တမြုံ့မြုံ့ နဲ့ နေ တတ် ကြ ပါ တယ်။ လောင် စာ ဆီ တွေ ၊ စက် ပစ္စည်း တွေ နဲ့ အလုပ် လုပ် နေ ကြ တာ မို့ ဆေး လိပ် မ သောက် ရ တာ လဲ ပါ မှာ ပါ။  နောက် အ ဖွဲ့ တွေ က တော့ လေကြောင်း ထိန်း  အဖွဲ့ နဲ့  လေယာဉ် သက် ကယ် အကူ အဖွဲ့ ပါ ပဲ။ ဒီဆရာ ကြီး တွေ ဟာ လည်း ကြည့် လိုက် ရင် ကွမ်း ကြီး တွေ တမြုံ့ မြုံ့ နဲ့ ပါ ပဲ။


ကျောင်း သား တစ် ယောက်  First Solo  အောင် သွား ပြီ ဆို ရင် တော့ အား လုံး က  Congratulation!  ၀ိုင်း ပြော ကြ ၊ နုတ် ဆက် ကြ နဲ့ ပါ ပဲ။ ဆို လို အောင် သွား တဲ့ မောင် က တော့ ၊ မနက် အ စော ကြီး က တည်း က ၀ယ် ထား တဲ့ ကွမ်း ယာ ထုပ် တွေ ကို အဖွဲ့ အား လုံး ကို လိုက် လံ ဝေငှ ပြီး အောင် ပွဲ ခံပါ တယ်။ ကွမ်း ယာ သမား တွေ က လဲ အမျိုး အစား က ခပ် များများ ပါ။ အား လုံး အ ဆင် ပြေ အောင် အစော က တည်း  ၂ မျိုး စီ စဉ် လာ ကြ ရ ပါ တယ်။ တစ် ထုပ် မှာ  သူ တို့ အ ခေါ် " ဂျမ်း " ဆို တဲ့   ထုံး  ကွမ်းသီး  ဗမာ ဆေး  ပဲ ပါ တဲ့ ကွမ်း က အ ယာ ၅၀ လောက် ရယ် ၊   ဆေး မွေး အာ မွေး နဲ့ ဟာ က အ ယာ ၅၀ လောက် စီ ကို အမှတ် အ သား လေးနဲ့ ထဲ့ လာ ရ တာ ပါ။ ကွမ်း ယာ ရ တဲ့ ပုဂ္ဂိုလ် ကြီး တွေ က လဲ  အောင် မြင် ပါ စေ ..ဘာညာ နဲ့ Wish ပြန် လုပ် ပေး ကြ ပါ တယ်၊ ချစ် စရာ ကောင်း တဲ့ ဓ လေ့ တစ်ခု ပါ ပဲ။


နောက် ဆုံး သင် တန်း တစ် ခု လုံး  ဆိုလို အောင် သွား ပြီး ဆို တော့ မှ မုန့် ဟင်း ခါး ကို လူ ၂၀၀ စာ လောက် ချက် ပြီး အနီး အနား က ဘုန်း ကြီး ကျောင်း တွေ ကို လဲကပ် လှူ ၊လူ တွေ ကို လဲ အလှူ ကြီး ပေး ပြီး အောင်ပွဲ ခံ ကြ ပါ တယ်။ တကယ့်  ကို  မြတ် နိုး စရာ ကောင်း တဲ့     "ဆိုလို မုန့် ဟင်း ခါး "    ထုံးစံ ဖြစ် ပါ တယ်။
အား လုံး ကို ခြုံ ကြည့် လိုက် တော့   First Solo  ကို ဂုဏ် ပြု တဲ့ ထုံး စံ တွေ က လည်း သူ့ အရပ် နဲ့ သူ့ ဇာတ် ဆို သ လို ပါ ပဲပေါ့ နော်။ ။

1 comment:

  1. solo birth လုပ်ထားတဲ့ကျောင်းသားနဲ့...အတူတွေ့ရတဲ့...နည်းပြဆရာကြီးက..ခန့်ချောကြီးတော့

    ReplyDelete